ရှောင်ကျန့် POV......
ညက ကလေးကျွန်တော့်ဆီလာခဲ့တယ်လို့ ကျွန်တော်
ကျန်ချန်းကို ပြောပြခဲ့တယ်.....သူကပြောတယ်
မင်းအိမ်မက်နေတာလားတဲ့ မင်းအခန်းမှာ တစ်ညလုံးငါရှိနေတာကို ဘယ်ကလေးမှ လာတာမတွေ့ ဖူးတဲ့......ကျန်ချန်းစကားက
ကျွန်တော့်စိတ်ကို ဇဝေဇဝါဖြစ်စေတယ်.....
အမှန်ကျွန်တော်လည်း မသဲကွဲခဲ့ဘူး အိမ်မက်လား
တကယ်လားဆိုတာ.......ဘာကြောင့်လဲဆိုတော့
ကျွန်တော်က အခုရက်ပိုင်း ကလေးကို နေရာတိုင်းမှာတွေ့ နေရတာကို.........................................................................
"စားလို့ကောင်းလား?...."
"အင်း!......ကလေးလက်ရာလိုပဲ....."
"ဟား!....ဟား!....
အေ့ပါကွာ......မင်းကြိုက်ရင် ငါနေ့တိုင်းချက်ပေးမယ်........""အင်း....."
"စားပြီးရင် အပြင်သွားကြရအောင်......."
"ဘယ်သွားမှာလဲ?....
ငါမသွားချင်ဘူး.......တော်ကြာ
ကလေးပြန်လာလို့ ငါ့ကိုမတွေ့ ရင် ခက်နေမယ်....""လိုက်ခဲ့ပါဟာ!......နော်!....နော်......"
ကျန်ချန်းတစ်ယောက် ရှောင်ကျန့်အားမျက်နှာငယ်လေးနှင့် တောင်းဆိုနေသောကြောင့် အပြင်ထွက်လည်ရန် ရှောင်ကျန့်လက်ခံလိုက်လေသည်။
................................................
"ရော့!....ကားသော့ ....."
"ဘာ!.....မင်းကငါ့ကို မောင်းခိုင်းနေတာလား?.."
"အေ့ပေါ့!...မင်းကိုကားသော့ပေးတာ...
မောင်းမမောင်းလို့ ဘယ်သူမောင်းမှာလဲ?....""ချီး!....အားနေလို့ မောင်းရမှာလား?....
ကိုယ်သွားချင်တာ ကိုယ့်ဟာကိုယ် မ မောင်းဘဲနဲ့
ငါ့ကိုလာခိုင်းနေတယ်....""ရှောင်ကျန့်ရာ!....မင်းတော်တော်စကားများတာပဲ...
မောင်းစရာရှိသာ မောင်း...." ဟုဆိုလျှက် ကျန်ချန်းတစ်ယောက် ကားပေါ်သို့ တက်သွားလေသည်။ထို့ကြောင့် ရှောင်ကျန့်လည်းကားမောင်းသူနေရာတွင် ဝင်၍ ကားလေးကို မောင်းလာခဲ့လေသည်။စကားတပြောပြောနဲ့ မောင်းနေရာမှ လမ်းအကွေ့တစ်နေရာအရောက်တွင်........
YOU ARE READING
ချစ် အတ္တ ( Uni+ Zaw )
Fanfiction[Zawgyi] တစ်ခါတစ်လေ.... ကိုယ်ရဲ့  ဘဝက ဘယ်လောက်ပဲ နှိမ့်ကျပါစေ..... စစ်မှန်တဲ့ မေတ္တာတော့ ရှိခဲ့ကြတယ်မလား........ ချစ်တတ်လာတဲ့ လူတိုင်းက အတ္တ ကိုယ်စီတော့ ရှိလာကြတာပဲလေ........... ဒါဟာအပြစ်ဆိုလည်း.......ကျေကျေနပ်နပ်လက်ခံလိုက်ပါ့မယ်...... [Unicode] တစ်ခါ...