အရိပ်ကောင်း၍ ပင်စည်ကြီးသော သစ်ပင်အောက်တွင် ကျင့်လေးတစ်ယောက် ရှောင်ကျန့်ကို စောင့်နေလေသည်။
ကိုကိုက မျက်လုံးပြန်မြင်ရပြီးလို့ ပြောတယ်။
ပြီးတော့ ကျွန်တော့်ကိုလည်း တွေ့ ချင်တယ်လို့ ပြောပြီး ချိန်ထားတာကြောင့် ကျွန်တော်ဒီနေရာမှာ လာစောင့်နေတာပါ.......အနာက်မှာ ခြေသံတွေကြားတယ်.....
ကိုကိုလားမသိဘူး....ဟူး!....
ရင်တွေ ခုန်လိုက်တာဗျာ.........ကျင့်လေးတစ်ယောက် ခြေသံပိုင်ရှင်သည် ရှောင်ကျန့်အထင်နှင့် လှည့်ကြည့်လိုက်ရာ.......
"ဟင်!!!.....ခင်ဗျား.!....
ခင်ဗျား ......ဘာလာလုပ်တာလဲ?........""ကျင့်လေး......ကိုယ်နဲ့ ပြန်လိုက်ခဲ့....."
"မလိုက်နိုင်ဘူး....ကျွန်တော် ခင်ဗျားနဲ့ အတူမနေနိုင်ဘူး........ကျွန်တော် ကိုကို့ကိုပဲ ချစ်တာ ကိုကိုနဲ့ပဲ အတူနေမှာ......"
"ကျင့်လေး!!!......
မင်းက ငါ့ယောက်ျား .....
အဲ့ဒါကြောင့် မင်းငါ့အနားမှာပဲ နေရမှာ......."ဟု ပြောရင်း ဝူရန်တစ်ယောက် ကျင့်လေးလက်ကို အတင်းဆွဲနေလေသည်။"လွှတ်!.....ကျွန်တော့်လက်ကို ခင်ဗျားလွှတ်ပေး!...."
ဟု နှစ်ယောက်သာ ရုန်းရင်းဆန်ခတ် ဖြစ်နေကြစဉ်..........ဖောက်!!!!......
ဝူရန်၏ ညာဘက်ပါးတစ်ဖက်သည် ပူထူသွား၍ ခန္ဓာကိုယ် တစ်ခုလုံးလဲ မြေပြင်ပေါ်သို့လဲကျသွားလေသည်။
"လာ.....ကျင့်လေး.....
ကိုကိုတို့ ဒီနေရာကနေ ထွက်သွားကြရအောင်"ဟု ပြောရင်း ရှောင်ကျန့်က ကျင့်လေးလက်ကို ဆွဲထားသောကြောင့်.......ဝူရန်က မတ်တပ်ပြန်ရပ်၍ ကျင့်လေး၏ ကျန်လက်တစ်ဖက်အား ဆွဲထားလိုက်လေသည်။
ကျင့်လေးက မိမိလက်တစ်ဖက်ကို ဆွဲထားသော ဝူရန်၏လက်အား ပုတ်ထုတ်၍ ထွက်သွားမည်အလုပ်....."ကျင့်လေး......လွန်ခဲ့တဲ့၅နှစ်က အက်စီးဒန့်ဖြစ်ပြီး ပျောက်သွားတဲ့ မှတ်ဉာဏ်တွေကို မသိချင်ဘူးလာ?........ကိုယ်ပြောပြမယ်လေ...."
ဝူရန်စကားကြောင့် ကျင့်လေးခဏတာ တွေဝေသွားလေသည်။သို့သော်......
YOU ARE READING
ချစ် အတ္တ ( Uni+ Zaw )
Fanfiction[Zawgyi] တစ်ခါတစ်လေ.... ကိုယ်ရဲ့  ဘဝက ဘယ်လောက်ပဲ နှိမ့်ကျပါစေ..... စစ်မှန်တဲ့ မေတ္တာတော့ ရှိခဲ့ကြတယ်မလား........ ချစ်တတ်လာတဲ့ လူတိုင်းက အတ္တ ကိုယ်စီတော့ ရှိလာကြတာပဲလေ........... ဒါဟာအပြစ်ဆိုလည်း.......ကျေကျေနပ်နပ်လက်ခံလိုက်ပါ့မယ်...... [Unicode] တစ်ခါ...