ချစ် အတ္တ -14

3.8K 249 15
                                    

ကျင့်လေး POV...........

ကိုကို့အကြောင်းတွေကို လူယုံတစ်ယောက်နဲ့စုံစမ်းခိုင်းလိုက်တဲ့အခါ ကိုကို့ကို ရီပေါ်ခေါ်သွားတဲ့ နေရာကိုသိလိုက်ရတယ်။နောက်ပြီး
တစ်ဆက်တည်း....ရီပေါ်က အရင်က ဝူရန်အလုပ်သမားဆိုတာရယ်၊ ကိုကိုနဲ့ရီ‌ပေါ်အိပ်ဖြစ်အောင် ဝူရန်တို့ဘက်ကပဲ စီစဉ်တယ်ဆိုတာကိုပါ သိလိုက်ရတယ်။

အဲ့တာကြောင့် ဝူရန်မရှိတုန်း သူ့လူတွေကို တစ်ပတ်ရိုက်ပြီး
ကိုကိုရှိတဲ့နေရာကို ထွက်လာခဲ့တယ်။ကျင့်လေး ကိုကိုနေတဲ့နေရာကို ရောက်တော့ ခြံတံခါးက ပွင့်နေပြီး ဘယ်သူမှမရှိသောကြောင့်.....အိမ်ထဲသို့ ဝင်လာခဲ့လေသည်။ အိမ်ထဲသို့ ရောက်သောအခါတွင်လည်း ဘယ်သူမှမရှိသော်ကြောင့်....ပြန်လှည့်မည်အလုပ်

အိမ်ပေါ်ထပ်မှ အသံတစ်ခုကြားလိုက်သောကြောင့်..
အသံလာရာ နေရာသို့ တက်သွားလိုက်လေသည်။ထို့နောက် အခန်းလေးတစ်ခုကို တွေ့ လိုက်၍ ဝင်သွားကြည့်ရာ.........ထိုင်ခုံပေါ်တွင် ထိုင်နေသော ကိုကို့ကို တွေ့ လိုက်ရသည်။ထို့ကြောင့် ကိုကို့‌ဆီ အပြေးသွားပြီး လှမ်းဖက် လိုက်လေသည်။
ပြီးနောက် ကိုကို့ကို သိက္ခာချပြီး ဘာမှမရှိတော့တဲ့
ဘဝရောက်အောင် ရီပေါ်ကဝူရန်နဲ့ ပေါင်းကြံခဲ့တဲ့ အကြောင်းကို ပြောပြခဲ့တယ်။

အကြောင်းစုံကို သိသွားတဲ့ကိုကိုက သူအလိမ်ခံရသလို ရီပေါ်ကိုလည်း ပြန်ခံစားစေချင်တယ်လို့ ပြောလို့ ထိုအိမ်မှာပဲ
ကိုကို့ကို ထားခဲ့ပြီး ကျင့်လေးကတော့ ဟိုတယ်မှာအနားယူရန် အခန်းငှားခဲ့လေသည်။

.....................................................................

‌ရှောင်ကျန့်နဖူး နံရံနဲ့စောင့်မိ၍ မေ့နေသောကြောင့်
ရီပေါ်တစ်‌ယောက် ယီဘင်ကောကိုသာ ဖုန်းဆက်အကူညီတောင်းရလေသည်။

ရီပေါ် ခြေထောက်ကနာနေသော်လည်း ရှောင်ကျန့်ကို စိတ်ပူနေသောကြောင့် အမြန်ထပြီး အိပ်ယာပေါ်သို့ ပွေ့ ချီသွားလိုက်လေသည်။ခဏအကြာတွင် ယီဘင်နှင့် ဆရာဝန်တစ်ယောက်လာပြီး ရှောင်ကျန့်ကို စမ်းသပ်‌ပေးသွားခဲ့ပြီး ရီပေါ်‌ခြေထောက်အတွက် ဒဏ်ရာပိုးမဝင်စေရန် ဆေးထည့်ပေးပြီး ကားကွယ်ဆေးတစ်လုံးထိုးပေးခဲ့လေသည်။

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now