ချစ် အတ္တ -28

4K 257 59
                                    

"ရီပေါ်!......ကိုကို ‌တောင်းပန်ပါတယ်.....
ကိုကို့ကို ခွင့်လွှတ်ပါနော်......."

ရှောင်ကျန့်တစ်‌ယောက် ရီဝေသောမျက်လုံးများနှင့် ရီပေါ် ၏ ပုခုံးလေးအား
ဆုပ်ကိုင်၍ တောင်းပန်နေလေသည်။
သို့သော် ရီပေါ်က မိမိပုခုံးကို ဆုပ်ကိုင်ထားသော
ရှောင်ကျန့်၏လက်နှစ်ဖက်အား ဖယ်ရှားလိုက်ပြီး...
ရှောင်ကျန့်၏မျက်ဝန်းများအား ရီပေါ်မှင်သေသေဖြင့် ပြန်ကြည့်၍.......

"ရပါတယ်.....ဘာမှ မဖြစ်ပါဘူး...."

ပြောရင်းမျက်ရည်များ
ရစ်သီလာသောမျက်ဝန်းကို
ရှောင်ကျန့်အားမမြင်စေရန် ရီပေါ်တစ်ဖက်သို့လှည့်လိုက်လေသည်။

"ရီပေါ်.......ကိုကို တို့ စကားပြော......."‌

"ကိုကို ပင်ပန်းလာပြီပေါ့......
နားလိုက်ပါဦး......ကျွန်တော်လည်း ပင်ပန်းနေပြီးမို့
သွားနားလိုက်ဦးမယ်နော်....." ဟု ပြောရင်း
ရီပေါ် အခန်းထဲသို့ ဝင်သွားလိုက်လေသည်။

ရီပေါ်ဘာမှမဖြစ်ဘူးလို့သာ ပြောနေပေမဲ့ .....
ရင်ထဲမှာတော့ အတော်ပင်ကမ္ဘာပျက်နေပြီး ဖြစ်သည်။စိတ်ထဲတွင်လည်း မတော်လို့များ
တစ်ခုခုလွဲချော်သွားရင်ဆိုတဲ့ ရီပေါ်၏စိုးရိမ်စိတ်များက ရီပေါ်ကို အသက်ရှူရ ခက်‌စေသည်။

ရီပေါ်အခန်းတံခါးလေးအားပိတ်ပြီး ညကအဖြစ်အပျက်များ ‌မေ့လိုမေ့ငြား
‌အခန်းထဲက ရေပန်းအောက်တွင် ထိုင်နေမိ‌လေသည်။သို့သော်
အတွေးများက မမေ့ပျောက်သွားပဲ
ရီပေါ်သာ ရေပန်းအောက်တွင် မျက်လုံးများ
မှိတ်သွားခဲ့လေသည်။

.............................................

မနေ့ညက .............

ရီပေါ် ကြောက်နေသော်လည်း....အခန်းထဲကို ထိုလူကြီးပြန်ဝင်လာမှာ စိုးတာကြောင့်....
ကြမ်းပြင်ပေါ်တွင် ကျနေသော အကျီအပြဲလေးကို အမြန်ဝတ်ဆင်၍ အခန်းအပြင်သို့ ထွက်လာခဲ့လေသည်။ အခန်းအပြင်သို့ ရောက်ပြီး ခြေလှမ်းနှစ်ဆယ်လောက်‌ ‌လျှောက်ပြီးသော အခါတွင် မိမိရှိရာနေရာသို့ပြန်လာနေသော ထိုလူကြီးကို တွေ့ လိုက်ရသဖြင့်
ရီပေါ် နီးစပ်ရာ အခန်းတစ်ခန်းထဲသို့ အမြန်ပြေးဝင်လိုက်လေသည်။

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now