ရှောင်ကျန့်ကားရပ်ပြီး ဆင်းပြေးသွားတော့ ကျင့်လေးပါ ရှောင်ကျန့်နှင့် ရှေ့ဆင့်နောက်ဆင့် ဆင်းလာခဲ့သည်။သို့သော် ရှောင်ကျန့်နောက်ကိုတော့
လိုက်မသွားဖြစ်ပဲ ရှောင်ကျန့်၏ ကျောပြင်လေးကိုသာ တွေတွေလေး ငေးကြည့်နေမိသည်။*ကျင့်လေး အမှတ်မရှိခဲ့တာလား ?....ကိုကို.....
ပထမတစ်ခါ ကိုကိုကျင့်လေးကို ထားခဲ့တယ်.....
ဒုတိယတစ်ခါ ကိုကိုကျင့်လေးကို ထပ်ပြီးထားခဲ့ပြန်တယ်.....
အဲ့တာကလည်း ရီပေါ်ဆိုတဲ့ ကောင်လေးကြောင့်ပဲ........
ကိုကိုသူ့ကို ချစ်မိနေပြီးလာ?.......*"ကျင့်လေး!!!......"
အနောက်မှ ကျင့်လေးအား ခေါ်နေသောအသံကြောင့် ကျင့်လေး၏ တွေးလက်စအတွေးများ ရပ်တန့်သွားလေသည်။အနောက်ကို လှည့်ကြည့်လိုက်တော့....စိုးရိမ်ပူပန်နေသော မျက်နှာပိုင်ရှင် ဝူရန်......
ကျယ်ပြန့်လှသော သူ့ရင်ခွင်ကြီးထဲတွင် ကျင့်လေး၏ကိုယ်အား ထည့်၍ တင်းကြပ်စွာဖတ်ထားလိုက်လေသည်။ကျင့်လေးဝူရန်၏ ရင်ခွင်ထဲရောက်နေသောအချိန်
အခုန်မြန်နေတဲ့ ဝူရန်ရဲ့ နှလုံးသားလေးကြောင့် သူဘယ်လောက်စိုးရိမ်နေမှန်း ကျင့်လေးခံစားမိပါသည်။"လွှတ်!.....လွှတ်ပါဦး....
ကျွန်တော် အသက်ရှူကြပ်နေပြီး.....""ကြောက်နေတာ.....
ကိုယ့်ဆီကနေထွက်သွားမှာကို ကြောက်နေတာ......
ပြန်မတွေ့ တော့မှာကို ကြောက်နေတာ.....
ဆုံးရှုံးသွားမှာကို ကြောက်နေတာ......."ဟု ပြောရင်း
မျက်ရည်များကျနေသော ဝူရန်ကို ကျင့်လေးတစ်ယောက် နားမလည်ခြင်းများစွာနဲ့ ကြည့်နေမိသည်။"ခင်ဗျားကြီး ငိုနေတာလား?.....
ကျွန်တော့်ကို စိတ်မတိုဘူးလား?...
ဒေါ်သမထွက်ဘူးလား?..
မမုန်းဘူးလား?....""ကို မမုန်းနိုင်ဘူး....
အပြစ်လည်း မတင်ရက်ဘူး.....
ဒါပေမဲ့ ကျင့်လေးကို ပျော်အောင် မထားနိုင်တဲ့
ကိုယ့်ကိုကိုယ်သာ မုန်းမိတယ်........""တောင်းပန်ပါတယ်.....
ကျွန်တော် ဒီစကားတစ်ခွန်းပဲ ခင်ဗျားကို ပြောနိုင်တယ်.....""ရတယ်.....ဘာမှ မပြောပါနဲ့ ...
ကျင့်လေး ကိုယ့်အနားပြန်ရောက်နေပြီဆို ရပြီး....
ကိုယ့်အတွက် ဘာမှမလိုအပ်တော့ဘူး......"ဟု ပြောရင်း ဝူရန်ကျင့်လေးနဖူးကို အသာအယာ နမ်းရှိုက်လိုက်လေသည်။
YOU ARE READING
ချစ် အတ္တ ( Uni+ Zaw )
Fanfiction[Zawgyi] တစ်ခါတစ်လေ.... ကိုယ်ရဲ့  ဘဝက ဘယ်လောက်ပဲ နှိမ့်ကျပါစေ..... စစ်မှန်တဲ့ မေတ္တာတော့ ရှိခဲ့ကြတယ်မလား........ ချစ်တတ်လာတဲ့ လူတိုင်းက အတ္တ ကိုယ်စီတော့ ရှိလာကြတာပဲလေ........... ဒါဟာအပြစ်ဆိုလည်း.......ကျေကျေနပ်နပ်လက်ခံလိုက်ပါ့မယ်...... [Unicode] တစ်ခါ...