ချစ် အတ္တ-20

4.2K 252 7
                                    

ရှောင်ကျန့် မနက်အိပ်ယာနိုးတော့ ဘေးနားတွင် ခွေခွေလေးအိပ်နေသော ရီပေါ်ကို
တွေ့ လိုက်ရသဖြင့်.....စိတ်ထဲတွင် အလိုမကျမှုများ ဖြစ်ပေါ်လာရလေသည်။ တစ်ဆက်တည်းမှာပဲ.....
ရီပေါ်ဆီက လက်ထက်စာချုပ်ကို ဖျောက်ပစ်ပြီး ထွက်ပြေးရန် တွေးမိလေသည်။

ထို့ကြောင့် ရှောင်ကျန့်တစ်ယောက်  ဗီရိုနှင့် အံဆွဲများတွင် လက်ထက်စာချုပ်အား အသည်းအသန်လိုက်ရှာနေလေသည်။ထိုစဉ် နောက်မှရုတ်တရက် ဖက်တွယ်ထားသော လက်ချောင်းများကြောင့် ရှောင်ကျန့်ကိုယ်လေး တောင့်တင်းသွားရလေသည်။

"ဘာတွေ ရှာနေတာလဲ?.....ကိုကို!...."

"မင်း အလုပ်မဟုတ်ဘူး......
ပြီးတော့ ငါ့ကိုလည်း လာမထိနဲ့....
ပိုင်းလုံးကောင်!......"ဟု ပြောရင်း ရီပေါ်ကိုယ်လေးအား တွန်းထုတ်လိုက်ပြီး အခန်းပြင်သို့ ထွက်သွားလေသည်။

*ပိုင်းလုံးကောင်တဲ့လား?.....
ကိုကိုပြောသလို ကျွန်တော်က ပိုင်းလုံးကောင်ဆိုလည်း အမည်တပ်ခံရတာချင်း အတူတူ   ထပ်တူညီတဲ့ တန်ဖိုးတော့
လိုချင်မိပါရဲ့ ....ကိုကိုရယ်.....*

..................................................................

ရှောင်ကျန့်တစ်ယောက် ကျင့်လေးတို့ ငှားနေသော ဟိုတယ်တွင် ကျင့်လေးအား တွေ့ လိုတွေ့ ငှား သွားစောင့်နေလေသည်။သို့သော် ကျင့်လေးတစ်ယောက် ရှောင်ကျန့်ဆီသို့ ထွက်လာမည်အလုပ် ဝူရန်က ပြန်ဆွဲ၍ အခန်းထဲတွင် ပိတ်ထားသောကြောင့် ရှောင်ကျန့်တစ်ယောက် ကျင့်လေးနှင့်
မတွေ့ ခဲ့ရဘဲ ဝူရန်နှင့်သာ
တွေ့ ခဲ့ရလေသည်။ထို့ကြောင့် ရှောင်ကျန့်တစ်ယောက် ဟိုတယ်မှ စိတ်တိုတိုနှင့် ပြန်ခဲ့ရလေသည်။

‌ရှောင်ကျန့်တစ်ယောက် အိမ်ပြန်ရောက်ရောက်ချင်း
အခန်းထဲရှိ ပစ္စည်းများကို ရိုက်ခွဲနေလေသည်။
အခန်းထဲတွင် ဆူညံနေသောကြောင့် ရီပေါ်တစ်ယောက် အခန်းထဲသို့ အလျင်အမြန် ‌ပြေးသွားမိလေသည်။

အခန်းထဲအရောက် .....
ရီပေါ်နဖူးပေါ်သို့ အရှိန်ပြင်းပြင်းနှင့် ဝင်‌ရောက်လာသော ပန်းအိုး‌ကြောင့်  ရီပေါ်နဖူလေး ကွဲသွားလေသည်။‌သွေးများကလည်း အတော်လေးထွက်လျက်ရှိနေပြီး မူးဝေဝေဖြစ်လာလျှက် အဆုံးတွင် ရီပေါ်မျက်လုံးတို့ အမှောင်ကျသွားခဲ့‌လေသည်။သို့သော်  နောက်ဆုံးသတိမမေ့ခင်အချိန်လေးအတွင်း ရီပေါ်တစ်ယောက် နွေးထွေးသော ရှောင်ကျန့်၏ ရင်ခွင်လေးထဲတွင် ကျသွားမှန်းကို
သတိပြုမိလေသည်။

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now