ကျွန်တော် အရမ်းပျော်နေတယ်.....
ကျွန်တော့်ဘဝရဲ့ ပျော်ရွှင်မှုနေ့ရက်တွေထဲကမှ
ဒီနေ့က ကျွန်တော်ချစ်ရတဲ့သူကို ပိုင်ဆိုင်ရတဲ့ပျော်ရွှင်မှုနေ့ရက်ဖြစ်တယ်......
ဟုတ်တယ် ....ဒီနေ့က ကျွန်တော်နဲ့ ရီပေါ်လေးရဲ့ လက်ထက်ပွဲနေ့ဖြစ်တယ်........ပြောရင်းဆိုရင်း
လာပါပြီး ကျွန်တော့်ရဲ့ ချစ်သူလေး......အဖြူရောင် သတိုးသားဝတ်စုံလေးနဲ့ ပါပါးကြီးရဲ့
လက်ကိုဆွဲပြီး ကျွန်တော့်ဆီလျှောက်လာနေတာ.....မျက်နှာလေးက နှင်းလိုဖြူဖွေးနေသော်လည်း ရှက်သွေးဖြာနေသောကြောင့် ပါးနီမလိုပဲ ရဲနေသော
ပါးပြင်၊ သဘာဝအတိုင်း နီထွေးနေသော နှုတ်ခမ်းသားအိအိလေးတွေက ကျွန်တော်သူ့အပေါ်ကို အချစ်ပိုတိုးစေသည်။"သတိုးသား ရှောင်ကျန့်က သတိုးသာ ရီပေါ်ကို သက်ဆုံးတိုင်ထိ ချစ်ခင်ကြင်နာစွာ ပေါင်းဖက်နိုင်ပါသလား?....."
"ဟုတ်ကဲ့ ....ကျွန်တော် ပေါင်းဖက်နိုင်ပါတယ်....."
"သတိုးသားရီပေါ်ရော သတိုးသားရှောင်ကျန့်ကို သက်ဆုံးတိုင်ထိ ချစ်ခင်ကြင်နာစွာ ပေါင်းဖက်နိုင်ပါသလား?......"
"ဟုတ်ကဲ့ .....ကျွန်တော် လက်ခံနိုင်ပါတယ်......"
"သတိုးသားရှောင်ကျန့်နှင့် သတိုးသားရီပေါ်တို့ အကြင်လင်လင် မြောက်ပြီဖြစ်သောကြောင့်
တစ်ယောက်ကို တစ်ယောက် လက်ထက်လက်စွပ် ဝတ်ပေးပြီး နမ်းလို့ရပါပြီး....."ဟူသော ဆုတောင်းမေတ္တာပို့သပေးသော လူကြီး၏ စကားအဆုံးမှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်လက်စွပ်ဝတ်ပေးကာ ကြင်နာစွာ အနမ်းပေးခဲ့ကြလေသည်။.........................................................................
ညရောက်သော်.......7:00PM
"ရီပေါ် !!.....လာ ကိုကို့ဘေးမှာ လာအိပ်လေ....."
"အာ!....ကိုကို ကျွန်တော် ရေမချိုးရသေးလို့
ရေအရင်ချိုးလိုက်မယ်နော်....ကိုကိုနားနှင့်.....""ရပါတယ်....စောသေးတာပဲ ကိုကိုလည်း
Tvကြည့်လိုက်ဦးမယ်......""အာ!.....အင်းပါ......"
8:00PM......
"ရီပေါ် ရေချိုးတာ တအားကြာတယ်နော်....
တော်ကြာ အအေးပတ်မယ် .....အဝတ်စားမြန်မြန်လဲလေ....."
YOU ARE READING
ချစ် အတ္တ ( Uni+ Zaw )
Fanfiction[Zawgyi] တစ်ခါတစ်လေ.... ကိုယ်ရဲ့  ဘဝက ဘယ်လောက်ပဲ နှိမ့်ကျပါစေ..... စစ်မှန်တဲ့ မေတ္တာတော့ ရှိခဲ့ကြတယ်မလား........ ချစ်တတ်လာတဲ့ လူတိုင်းက အတ္တ ကိုယ်စီတော့ ရှိလာကြတာပဲလေ........... ဒါဟာအပြစ်ဆိုလည်း.......ကျေကျေနပ်နပ်လက်ခံလိုက်ပါ့မယ်...... [Unicode] တစ်ခါ...