ချစ် အတ္တ -38

3.3K 226 67
                                    


"ဘာ!!......ငါ....ငါလက်ထက်ထားတဲ့ ကောင်မလေးက ရီပေါ်လား?...." ဟု ရှောင်ကျန့်က
အလန့်တကြားနဲ့ မေးတော့.....

"အင်း.....ဟုတ်တယ်...
ရှင်က ကျွန်မအကိုကို အရမ်းခံစားရ‌အောင်
လုပ်လို့ ....ကျွန်မကိုယ်တိုင် သူ့ကိုအကြံပေးလိုက်တာ....သူက
မလုပ်ချင်ဘူးလို့တော့ ပြောပါတယ်.....ဒါပေမဲ့
သူက ရှင်နဲ့လည်း မခွဲနိုင်ဘူး ဆိုလို့ ကျွန်မအကြံကို သူလက်ခံလိုက်တာ ....."

"ဘယ်လို!...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ?...
ရီပေါ်က အဲ့ကောင်မလေးလား?...."ဟု ရှောင်ကျန့်တစ်ယောက် ရေရွှတ်နေတုန်း.....

"ရှင်ယုံချင်ယုံ ၊မယုံချင်နေ ကျွန်မကတော့ အမှန်တိုင်း ပြောပြပြီးပြီး...!"

"ငါသာ မမေးမိရင် မင်းတို့ငါ့ကို ဘယ်အချိန်ထိ
လိမ်ထားကြမလို့လဲ?....."ဟု ရှောင်ကျန့်က မျက်ခုံးနှစ်ဖက်အား ကြုံ့ထား၍ အလိုမကျသလိုပုံစံဖြင့် ‌မေးတော့........

"ရှင်သူ့အချစ်ကိုမြင်ပြီး သူ့ကိုပြန်ချစ်လာတယ်ဆိုရင် ကျွန်မအစီအစဉ် ဒီမှာတင်ပြီးပြီး...." ဟု ပြောကာ ဆယ်ရီတစ်ယောက် ကော်ဖီဆိုင်မှ ထပြန်သွားခဲ့လေသည်။

*ရီပေါ်!!.....ကိုယ် ဘာလုပ်ရမှာလဲ?....
ကိုယ့်ကို လိမ်ညာလို့ စိတ်ဆိုးရမှာလား?...ဒါမှမဟုတ် ကိုယ့် အနားမှာ အမြဲတမ်းရှိ‌နေပေးခဲ့လို့ ဝမ်းသာပေးရမှာလား?....
တကယ်မသိတော့ဘူး.......စဉ်းလည်းမစဉ်းစား
တတ်တော့ဘူး....ကိုယ်အခု မင်းကိုပဲ
အရမ်းတွေ့ ချင်မိတယ်.....ဒီကိစ္စကို ကိုယ်လျှော်‌ပေးဖို့အတွက် ရီပေါ်ဆီက အမှန်တိုင်းဝန်ခံမှ ကြေအေးပေးမယ်.......*

.......................................................................

ရှောင်ကျန့်တစ်ယောက် အိမ်ထဲသို့ဝင်လာသောအခါ
တံခါးအဝတွင် တွေ့ လိုက်ရသော ယောက်ျားစီး ဖိနပ်တစ်ရံ.....

ဧည့်သည်များရောက်နေသလားဟု ဧည့်ခန်းကိုစူးစမ်းကြည့်သော်လည်း
မည်သူမှမတွေ့ .....ထို့ကြောင့် ရှောင်ကျန့်တစ်ယောက် ဘာမှမတွေးတော့ဘဲ .....
ဆိုဖာပေါ်တွင် ခဏထိုင်နားနေရာမှ........
ဟနေသော ရီပေါ်အခန်းလေးသို့ မျက်စိ ‌ရောက်သွားလေသည်။တစ်ဆက်တည်း ရီပေါ်ဆီက ဖြေရှင်းချက်တောင်းရဦးမည်ဟု တွေးကာ အခန်းထဲသို့  ဝင်မည်အလုပ်......

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now