"ကိုကို !....ကျင့်လေးတို့ ပင်လယ်ဘက်ကို ခရီးထွက်ကြရအောင်လေ......"
"ကျင့်လေးက ပင်လယ်ဘက်သွားချင်လို့လား?......"
"အင်း....."ဟု ဆိုကာ ကျင့်လေးတစ်ယောက် မျက်လုံးလေးပြူးပြီး ခေါင်းအဆက်မပြတ် ညိတ်နေသောကြောင့် ဝူရန်က ကျင့်လေး၏ပါးနှစ်ဖက်အား အသည်းယားကာ
ဆွဲညစ်လိုက်လေသည်။"အား!....နာတယ်လေ ကိုကိုရဲ့.....🥺
လွှတ်တော့....."ဟု ပြောကာ ကျင့်လေးက မိမိပါးအားဆွဲနေသော ဝူရန်၏လက်ကို ဆွဲဖြုတ်သော်လည်း ဝူရန်က မလွှတ်ပေးဘဲ .....
ပိုတိုး၍ ဆွဲနေသော်ကြောင့်....."ကိုကို!!....ကလေးငိုလိုက်မှာနော် !....
နာနေပါပြီးဆိုမှ .....😭..."ဝူရန်တစ်ယောက် မိမိရှေ့မှကလေးကြီးက တစ်အိအိနှင့်ထငိုနေသောကြောင့် ဆွဲထားသော လက်လေးအား ဖယ်လိုက်၍ ကျင့်လေးအား
စချော့နေလေသည်။"
ကလေး မငိုနဲ့လေ ကိုကိုက စတာပါ ကျင့်လေး မကြိုက်ရင် ကိုကို တောင်းပန်ပါတယ်နော်...
ကိုကိုမှားသွားပါတယ်နော်....ခွင့်လွှတ်ပါနော်... 😔"ဟု ဆိုကာ ဝူရန်တစ်ယောက် မျက်နှာငယ်လေးနှင့် မိမိ၏နားနှစ်ဖက်အား ထိုင်ထလုပ်သလိုမျိုး ဆွဲ၍
တောင်းပန်နေလေသည်။ထိုအခါမှ ကျင့်လေးတစ်ယောက် အချော့ခံရတဲ့ကလေး ပိုငိုသလို ဖြစ်ကာ.....
တရှုံ့ရှုံ့နှင့် အပီအပြင်ထိုင်ငိုတော့သည်။"မငိုပါနဲ့တော့နော်....ကိုကိုတောင်းပန်တယ်...
မနက်ဖြန် ခရီးထွက်ရင် မချောဘဲနေတော့မယ် .....
အဲ့ဒါကြောင့် မငိုနဲ့တော့ ဟုတ်ပြီးလာ....""အီး...ဟီး.....ဘယ်သူကရော ငိုချင်လို့လဲ ?....
အဲ့တာ ကိုကို့ကြောင့်လေ ....ကိုကိုက ကလေးကို နာအောင်လုပ်တာကိုး.....ဟွန့်!!....မချစ်တော့ဘူး.."
ဟုဆိုကာ ရင်ခွင်ထဲတိုးဝင်လာသော ကလေးပေါက်ကို ဝူရန်အသည်းတစ်ခုလုံး မဆံ့အောင်ကို ချစ်သည်။........................................................................
"ကိုကို!!!......အပေါ်နည်းနည်းတိုး...
အောက်....အောက်နည်းနည်းလေး ဆုတ်ဦး.....""အင်း.....ကိုကို လုပ်ပေးနေတယ်လေ...."
"ဟုတ်ပါပြီး.......စတော့.."
YOU ARE READING
ချစ် အတ္တ ( Uni+ Zaw )
Fanfiction[Zawgyi] တစ်ခါတစ်လေ.... ကိုယ်ရဲ့  ဘဝက ဘယ်လောက်ပဲ နှိမ့်ကျပါစေ..... စစ်မှန်တဲ့ မေတ္တာတော့ ရှိခဲ့ကြတယ်မလား........ ချစ်တတ်လာတဲ့ လူတိုင်းက အတ္တ ကိုယ်စီတော့ ရှိလာကြတာပဲလေ........... ဒါဟာအပြစ်ဆိုလည်း.......ကျေကျေနပ်နပ်လက်ခံလိုက်ပါ့မယ်...... [Unicode] တစ်ခါ...