ချစ် အတ္တ -13

3.7K 247 27
                                    

ရီပေါ်တစ်ယောက် အလုပ်ထဲတွင် စိတ်မပါဘဲ
တစ်ခုခုကို ပူပန်နေမိသည်။ထို့ကြောင့် ‌ရှောင်ကျန့် တစ်ယောက် အိမ်တွင် တစ်ခုခုဖြစ်မည်စိုး၍ လုပ်လက်စအလုပ်များကိုပစ်ပြီး ရီပေါ်အိမ်သို့ ပြန်လာခဲ့လေသည်။

အိမ်ပြန်ရောက်သော် အိမ်အဝတွင်ယောက်ျားလေးစီး
ဖိနပ်တစ်ရံကို‌တွေ့ ၍ ရီပေါ်၏ စိုးရိမ်မှုများမြင့်တက်သွားရ‌လေသည်။ထို့ကြောင့် ရီပေါ်အခန်းထဲသို့ အပြေးအလွှား တက်သွားသောအခါ.......

အခန်းတံခါးကို ကျောပေးထားပြီး စကားပြောနေသော ကျင့်လေးနှင့်
တံခါးအပေါက်ဝဘက်သို့ မျက်လုံးလွှဲ၍ စကားပြောနေသော ရှောင်ကျန့်၏မျက်လုံးတို့နှင့် ထိပ်တိုက်ဆုံမိလေသည်။

ရီ‌ပေါ် မိမိဘက်ကြည့်နေသော ရှောင်ကျန့်အား မြင်လိုက်ရသောကြောင့် ရုတ်တရက်လန့်သွားပြီး နံရံနှင့်ကွယ်လိုက်လေသည်။စိတ်ထဲတွင် ရှောင်ကျန့်ကို မည်ကဲ့သို့ရှင်းပြရမလဲ?...ဟု တွေးနေလေသည်။

သို့သော် ခဏအကြာ ရီပေါ်ကြားလိုက်ရတာက.......

"ကျင့်လေး....ကိုကို့ဆီလာတာ.....
ဘယ်သူမှ မမြင်ဘူးဟုန်....."

"အင်း....."

"ဒါဆို နောက်နေ့ ကိုကို့ဆီ ကျင့်လေး လာလည်လို့ရအောင် ဟိုတယ်မှာ အခန်းယူထားလိုက်လေ........."

"ဘာလို့လဲ?....ကျင့်လေးရော
ဒီမှာနေလို့မရဘူးလာ?........"

"မရသေးဘူး.....
အခု ရီပေါ်ကို အလိမ်ခံရတဲ့ အရသာလေးက ဘယ်လိုနေလဲ စမ်းကြည့်စေချင်လို့ပါ..........."

"သူသိသွားရင်ရော......"

"သိသွားတော့လည်း ဘာမှမဖြစ်ပါဘူး .....
သူ့ကို ထားခဲ့ယုံပဲပေါ့.......အခုတော့ မသိသေးတော့
နည်းနည်းပါးပါး ခံစားခိုင်းလိုက်ဦးမယ်......"

"အင်းပါ!...အဲ့တာဆို ကျင့်လေးဟိုတယ်မှာ သွားနားလိုက်မယ်နော်.... နောက်မှတွေ့မယ်...."
ဟု‌ဆိုရင်း ကျင့်လေးက ရှောင်ကျန့်၏နဖူးလေးအား အသာအယာနမ်းသွားလေသည်။

ကျင့်လေးပြန်တော့မည်ဖြစ်တာကြောင့်......
ရီပေါ်တစ်ယောက် အိမ်အောက်ထပ်သို့ အမြန်ဆင်း၍ပုန်းနေလေသည်။
ကျင့်လေပြန်သွားတော့မှ ရီပေါ်တစ်ယောက် မြေပြင်ပေါ်တွင် အရုပ်ကြိုးပြတ်
ကဲ့သို့ ထိုင်နေမိလေသည်။

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now