ချစ်အတ္တ -22

4K 250 20
                                    

ဒီနေ့ ကျွန်တော် နဲ့ ရီပေါ် ကစားကွင်းကိုသွားကြတယ်။
သူ့ကိုထားခဲ့မယ့် အ‌ကြောင်းကို သူမသိခင်
ခဏလေးဖြစ်ဖြစ်တော့ သူ့ကို‌ပျော်အောင် လုပ်ပေးသွားချင်တယ်.......

ဒါပေမဲ့ ကျွန်တော့်အချစ်က ကျင့်လေးဆိုတဲ့ လူသားလေးအတွက်ပဲမို့ ရီပေါ်ကိုတော့ အားနာမိပါရဲ့.......ကျွန်တော် သူ့ကို သံယောဇဉ်ရှိပါတယ်.....အခုဆို သူနဲ့စကားပြောတဲ့အခါတိုင်း ကျွန်တော် ကိုကို ဆိုတဲ့
နာမ်စားလေးကို‌တောင် သုံးတတ်နေပြီ။

သူ့ကို ကြည့်ရတာတာ အတော်လေးပျော်ရွှင်နေတဲ့ပုံပဲ။ ကလေးတစ်ယောက်လို ဖြူစင်စွာ ပြုံးနေသော‌ကြောင့် ကျွန်တော်တောင် သူနဲ့အတူ‌ ‌ရော‌ယောင်ပြီး ပြုံးမိသွားတယ်။

"ကိုကို......
ကျွန်တော်တို့ .....ပင်လယ်ဓါးပြ
သွားစီးရအောင် .....နော်!....."

"မစီးချင်ပါဘူး......ရီပေါ် ရဲ့  ...
ကလေးလဲ မဟုတ်ဘဲနဲ့......."

"အာ!.....ကိုကိုလည်း ကလေးမှ  စီးရတာမဟုတ်ပါဘူး လူမကြီးတကြီးတွေလည်း
စီးလို့ရပါတယ်.....နော်!.....နော်!......"ဟု ရီပေါ်က
ပါပီမျက်လုံးဘေးလို သနားစရာတောင်းဆိုးနေသော‌ကြောင့်
‌ရှောင်ကျန့်ခဏတာ ပြုံးမိသွားလေသည်။

စိတ်ထဲတွင်လည်း ....

*ဒီကလေး အရမ်းချစ်ဖို့ကောင်းတယ်...*ဟူ၍
အမှတ်ပေးမိနေလေသည်။

"ကိုကို!!....သွားစီးရအောင်နော်
‌နော်လို့...."

"မစီးချင်ပါဘူး ရီပေါ်စီးချင်ရင် သွားစီး‌လေ....
ကိုကို စောင့်နေမယ်......"

"ဘာလဲ ကိုကို ဒီလောက်တောင် ငြင်းနေပုံထောက်ရင် ‌ကြောက်နေတာလား?....
အဲ့ဒါဆို မ‌ကြောက်နဲ့နော်  ကျွန်တော်ရှိတယ်.....
ကျွန်တော် ကိုကို့ကို ကာကွယ်ပေးမယ်......."

ပထမဆုံး အကြိမ်စီးရမှာမို့ ရှောင်ကျန့်ကြောက်နေသော်လည်း
ကိုယ့်ထက် ၄နှစ်လောက် ငယ်တဲ့သူရှေ့မှာ
‌ရှောင်ကျန့် အရှက်မရချင်တာ‌ကြောင့်..........

"‌ကြောက်စရာလား....ခုဏက ကိုကိုက
မစီးချင်လို့ပါ.......ပင်လယ်ဓါးပြလေးစီးတာကို ဘာလို့ ‌ကြောက်ရမလဲ?....လာသွားမယ်...."
ဟု ပြောရင်း ရှေ့ဆုံးမှာထွက်သွားသော ရှောင်ကျန့်‌နောက်ကို  ရီပေါ်ပြုံးစိစိနှင့် လိုက်သွားခဲ့‌လေသည်။

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now