"ရီပေါ်ရေ.....ကိုကို အလုပ်ရပြီး...."
"ဟုတ်လား?.....ကိုကို......
ဘယ်နေရာမှာလဲ?........အဝေးကြီးပဲလာ?...""အင်း.....ဝေးတော့ဝေးတယ်....
အလုပ်က ပေကျင်းမှာဆိုတော့......
ကိုကိုတို့ အိမ်ပါပြောင်းရမှာလေ.......""အော်!..."
"အင်း.....ဒါနဲ့ ရီပေါ်ရော လိုက်ခဲ့ရမှာဆိုတော့
အဆင်ပြေရဲ့လား?.....""ကျွန်တော်က ရပါတယ် .....ကိုကိုသာ အဆင်ပြေသလို လုပ်လေ......."
"အင်း........."
.....................................................................
ရှောင်ကျန့်နဲ့ရီပေါ် တို့ ပင်လယ်ကမ်းခြေက အိမ်လေးကို ရောင်း၍ ပေကျင်းမြို့၏ တိုက်ခန်းလေးတစ်ခန်းတွင် အတူနေကြလေသည်။
ရှောင်ကျန့်က ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုတွင်
ဒီဇိုင်းဆွဲသူတစ်ဦး ဖြစ်သည့်အတွက် မနက်၉နာရီမှ ညနေ၆နာရီထိ ရုံးတက်ရလေသည်။ထို့ကြောင့် ရှောင်ကျန့်နှင့် ရီပေါ်တို့ ညရောက်မှသာ
တွေ့ရလေ့ရှိသည်။ရီပေါ် ရှောင်ကျန့်ကို သိပ်လွမ်းသည်။ စကားမပြောရတဲ့ရက်တွေကလည်း တစ်ရက်ထက်တစ်ရက် စိပ်လာခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ပြီး
စကားပြောဖို့ အချိန်မရှိခဲ့ချေ။ရှောင်ကျန့်အိမ်ပြန်ရောက်တဲ့ အချိန်တွေမှာလည်း
ရီပေါ်ဘက်ကစကားစပြောဖို့မဝံ့ရဲခဲ့။
ရှောင်ကျန့်ကလည်း ပြန်လာတာနဲ့ ပင်ပန်းလွန်း ၍ထင်သည် ။စားပြီးသောက်ပြီး.....ခဏနား၍ အိပ်ပျော်သွားလေသည်။ပိတ်ရက်များတွင်လည်း ရှောင်ကျန့်က ကုန်ကြမ်းတွေ လိုက်ရှာနေရတာကြောင့် ရီပေါ်နှင့် ရှောင်ကျန့်က နီးရက်နဲ့ ဝေးနေကြလေသည်။ရှောင်ကျန့် ကုမ္ပဏီမှာ အလုပ်လုပ်တာ တစ်လတောင်ရှိသွားပြီ ဖြစ်သည်။
အလုပ်တွင် ထက်မြက်ပြီး ကြိုးစားရုံသာမက
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ကဲ့သို့ ဖြစ်နေသော
ရှောင်ကျန့်ကို အားလုံးက သဘောကျ ကြသည်။
အထူးသဖြင့် ရှောင်ကျန့်ရဲ့သူဋေး လျန် ကတော့ ရှောင်ကျန့်ကို မျက်စိကျမိလေသည်။ရီပေါ်ကတော့ ဘားတစ်ခုတွင် စားပွဲထိုးဝင်လုပ်နေ
သည်မှာ တစ်ပတ်ပင်ရှိသွားပြီ ဖြစ်သည်။ရှောင်ကျန့်နှင့် တိုင်ပင်ချင်သော်လည်း.....
အလုပ်ကိုယ်စီနှင့်မို့ ရီပေါ်မပြောမိခဲ့ချေ။
YOU ARE READING
ချစ် အတ္တ ( Uni+ Zaw )
Fanfiction[Zawgyi] တစ်ခါတစ်လေ.... ကိုယ်ရဲ့  ဘဝက ဘယ်လောက်ပဲ နှိမ့်ကျပါစေ..... စစ်မှန်တဲ့ မေတ္တာတော့ ရှိခဲ့ကြတယ်မလား........ ချစ်တတ်လာတဲ့ လူတိုင်းက အတ္တ ကိုယ်စီတော့ ရှိလာကြတာပဲလေ........... ဒါဟာအပြစ်ဆိုလည်း.......ကျေကျေနပ်နပ်လက်ခံလိုက်ပါ့မယ်...... [Unicode] တစ်ခါ...