1

17.3K 826 8
                                    


Zawgyi

Byun Baek Hyun..

အသက်​က ၂၃နှစ်​..
ဆေး​ကျောင်းကအခုမှ ဘွဲ့ရခါစ အလုပ်​သင်​ဆရာဝန်​​ပေါက်​စက​လေး..။

ငယ်​ငယ်​တည်းကစာ​တော်​တာမို့ ကြီးလာရင်​ဆရာဝန်​​ဖြစ်​ရင်​ဖြစ်​ မဖြစ်​ရင်​ ​ရှေ့​နေဖြစ်​ဖြစ်​ အမှုစစ်​ဖြစ်​ဖြစ်​ တစ်​ခုခု ​သေချာ​ပေါက်​ဖြစ်​မှာ ဆိုပြီး သူ့အ​မေခန့်​မှန်းထားသည့်​အတိုင်း Baek Hyun သည်​ ဆရာဝန်​တစ်​​ယောက်​ဖြစ်​လာခဲ့ပြီဖြစ်​သည်​..။

ဆွေမျိုးအသိုင်းအ၀ိုင်းအလယ်​မှာ မိဘ​တွေဂုဏ်​ယူရသည့်​သားလိမ္မာ​လေးတစ်​​ယောက်​ဆိုလဲမမှား​ပေ..။

မွေးချင်းညီအစ်​ကိုနှစ်​​ယောက်​ရှိသည့်​အနက်​ Baek Hyun ကအငယ်​..။
သူ့အစ်​ကိုနဲ့၇ နှစ်​​လောက်​ကွာတာမို့ မိဘနှစ်​ပါးက​ရော အစ်​ကိုက​ရော သည်းသည်းလှုပ်​အလိုလိုက်​ သည်းသည်းလှုပ်​ချစ်​ကြသည့်​အိမ်​ရဲ့အငယ်​ဆုံးဆည်းလည်း​လေးဆိုလဲမမှား​ပေ...။

အိမ်​မှာတင်​အချစ်​ခံရတာဆို​တော့လဲ မဟုတ်​​သေး..။
ကျောင်းမှာလဲ ဆရာဆရာမ​တွေအကြား အတန်းတူသူငယ်​ချင်း​တွေအကြားမှာ​ရော
စီနီယာဂျူနီယာ​တွေကြားမှာပါ Baek Hyun ရဲ့​ကောင်းသတင်း​လေး​တွေ​မွှေးခဲ့တာ အထက်​တန်း​ကျောင်းကတည်းကအခု ​ဆေး​ကျောင်းပြီးသည့်​အထိပင်​...။

ကောင်းသတင်း​တွေချည်း​ပဲ​ကျော်​ကြား​အောင်​ တမင်​လုပ်​ယူထားတာမျိုးလည်းမဟုတ်​ပဲ Baek Hyun ပုံစံ​လေးကိုက လူချစ်​လူခင်​များတဲ့type​လေးလိုပဲ​ပြောရမလား..။

ငယ်​ငယ်​က စုတ်​ချွန်းချွန်းရုပ်​က​လေးနဲ့​တောင်​ မျက်​​ပေါက်​​မှေး​မှေးက​လေးနဲ့Byun Baek Hyun ​လေးက အသံ​လေးစာစာစာစာနဲ့သူငယ်​ချင်း​တွေအကြား.ဟာသ​ပြောလို​ပြော
လူ​တွေကိုရယ်​​မော​အောင်​လုပ်​တတ်​သူ​လေးလို့ နာမည်​​ကျော်​ကြားသူဖြစ်​ပြီး မတရားတာ​တွေ့ရင်​လဲ ကူညီတတ်​သူအဖြစ်​ နာမည်​သတင်းကြီးသူဖြစ်​သည်​..။

သူများ​ကျောင်းသား​တွေလို စာ​တော်​တယ်​ဆိုပြီး စာချည်းပဲလုပ်​ စာချည်းပဲတစ်​ခုတည်းသိတာမျိုးမဟုတ်​ပဲ ​ကျောင်းကactivity ​တွေလဲလုပ်​ လူ​တွေနဲ့လဲ ခင်​ခင်​မင်​မင်​​နေ​တော့ Baek Hyun တစ်​​ယောက်​​ရောက်​တဲ့​နေရာမှာ popular ဖြစ်​တာ မဆန်းပါ​လေ..။

Revenge(Completed)Where stories live. Discover now