39...

2K 414 48
                                    

Zawgyi

လိုက်​ဆိုလို့သာလိုက်​လာရ​ပေမယ့်​ဒီအ​ခြေအ​နေကိုChanYeolလုံးဝသ​ဘောမကျ..။

ကြည့်​​လေ...
လက်​ထပ်​ခွင့်​​တောင်း​နေတာကို ဘာမှ ပြန်​မ​ပြောပဲ
သူ​ခေါ်တဲ့​နေရာကိုချည်းလိုက်​ခဲ့ဖို့​ပြော​နေတာကြီးက...။

ဘယ်​သွား​နေတာလဲ လို့​မေး​တော့လဲ ​ရောက်​ရင်​သိလိမ့်​မယ်​ဆိုတာချည်းပဲ...။

လိုက်​သာလိုက်​လာခဲ့ရတာ..
ChanYeolစိတ်​ထဲ လုံးဝသ​ဘောမ​တွေ့..။

အဲ့တာထက်​ ​နေ့တိုင်းမြင်​​နေကျပုံစံနဲ့ကွဲထွက်​​နေတဲ့ဦး​လေးကြီးက အခုလက်​ရှိအချိန်​မှာ ဘာစကားမှ လဲ မ​ပြောပဲ
ဒီတိုင်းငြိမ်​ငြိမ်​စိမ်​စိမ်​နဲ့ChanYeolကား​မောင်း​နေတဲ့​တောက်​​လျှောက်​အ​ရှေ့ကိုပဲစိုက်​ကြည့်​​နေသည်​..။

လမ်းမှာလဲ မိုးဖွဲဖွဲ​လေးက​နေ တဖြည်းဖြည်းအရှိန်​ရလာတာမို့ မိုး​ရေစက်​​တွေ နည်းနည်း ပမာဏများစွာနှင့်​ကျဆင်း​နေသည်​..။

ဟိုးအရင်​လတုန်းက​တော့ဒါမျိုး​လေးမိုးသည်းတဲ့ညမှာ
သူနဲ့​ပျော်​ဖို့အ​ကောင်းဆုံး ည​​လေးတစ်​ညကို ပိုင်​ဆိုင်​ခွင့်​ရခဲ့​ပေမယ့်​အခု​တော့ လုံးဝ​ပြောင်းပြန်​...။

မသိ​တော့..။
ဒါက ဘယ်​လို အ​ခြေအ​နေမျိုးလဲဆိုတာ...။

မွန်းကျပ်​လွန်းလို့ ရင်​​တွေ​ပေါက်​ကွဲထွက်​မတတ်​ဖြစ်​​နေတာပဲသိတယ်​..။

ကိုယ်​စဉ်းစားထားတာက will you marry me လို့ကိုယ်​က​မေးလိုက်​တဲ့အခါ သူ့ဆီက​နေ Yes, I do..!
ဆိုတဲ့အ​ဖြေစကား​လေးကြားရပြီး
အခု​လောက်​ဆိုနှစ်​​ယောက်​သား တိမ်​​တွေ​ပေါ် လမ်း​လျှောက်​​နေရသလိုမျိုး အ​ပျော်​ကြီး​ပျော်​​နေရမှာ​လေ..။

အခုက ဘာမှန်းမသိ​အောင်​ကို ဘယ်​​နေရာကို​ခေါ်ချလာ​နေမှန်းကိုမသိတာ...။

"လာ..၀င်​ခဲ့.."

သူ​ပြောသည့်​လိပ်စာအတိုင်း​မောင်းလာ​တော့
apartment တစ်​ခုကို ​ရောက်​ရှိခဲ့သည်​..။

သူ​နဲ့ChanYeolအတွက်​တစ်​ခါမှ အပ်​စပ်​ဖူးခြင်းမရှိသည့်​​နေရာတစ်​ခု..။

Revenge(Completed)Kde žijí příběhy. Začni objevovat