13..

3.2K 522 66
                                    

Zawgyi

ည၇ နာရီ ၂၆ မိနစ်​..။

ဒီ​နေ့ စ​နေ​နေ့ဆို​တော့ အလုပ်​ကနည်းနည်း ကျဲတာမို့ BaekHyun အိမ်​​စော​စော ပြန်​​ရောက်​​နေသည်​..။

BaekHyun နည်းတူ ဒီ​နေ့ အလုပ်​​တော်​​တော်​အား​နေပုံရသည့်​ တစ်​စုံတစ်​​ယောက်​လဲ BaekHyun တို့အိမ်​​ရောက်​​နေသည်​..။

ပြီးခဲ့တဲ့တစ်​နာရီ​လောက်​ကမှ ဦး​လေးကြီးအိမ်​ကို လာလည်​မယ်​လို့ အ​ကြောင်းကြားပြီးတာနဲ့တစ်​ပြိုက်​နက်​ မကြာခင်​မှာပင်​ ပန်းသီးထုပ်​ကြီးဆွဲပြီး အိမ်​​ရောက်​ချလာသည့်​ကိုယ်​​တော်​​ချော...။

BaekHyun omma ကိုသူ​ပေးတဲ့ဆင်​​ခြေက ​ဆေးရုံအုပ်​ဆီမှာ စာလာ​မေးတာပါတဲ့..။

အရင်​​နေ့​တွေတုန်းက အိမ်​​ရှေ့အထိလိုက်​ပို့​ပေးခဲ့တာမျိုးရှိခဲ့​ပေမယ့်​သူလဲ အိမ်​ထဲဝင်​ခွင့်​မ​တောင်းခဲ့သလို BaekHyun ကလဲ အိမ်​ထဲ ၀င်​ပါလို့မဖိတ်​ခဲ့တာမို့BaekHyun အိမ်​ထဲ သူဝင်​လည်​ခြင်းကိစ္စကဒီ​လောက်​ကြီးမြန်​မြန်​​ရောက်​လာလိမ့်​မယ်​လို့မထင်​ထားတာ​တော့အမှန်​ပင်​...။

ဒီအ​တောအတွင်း မနက်​ဆိုရင်​BaekHyun အလုပ်​စားပွဲမှာ အ​အေးတစ်​ဘူး ​​ကော်​ဖီတစ်​ဘူး ​ရောက်​လာတတ်​တာက​နေအစပြုပြီး အခုဆို ခွဲစိတ်​ခန်းအကူ အဖြစ်​ ခွဲခန်းထဲထိလိုက်​ပြီး BaekHyun ​ဘေးနား ​တောက်​တဲ့ကပ်​သလို အချိန်​တိုင်းကပ်​တွယ်​ပြီးနှင့်​ပြီးဖြစ်​သည့်​ဒီPark ChanYeolဆိုတဲ့​ကောင်​က​လေးက
အိမ်​ပါလာလည်​​နေပြီဆို​တော့ကာ...
တစ်​ကယ်​ပဲ သူကျွန်​​တော့်​နားတစ်​စက္ကန့်​မပြတ်​အဲ့​လောက်​​တောင်​ပဲရှိချင်​​နေလားမသိ...။

Appaက သူ့​မြေး​တွေနဲ့ ခရီးထွက်​သွားတာမို့အိမ်​မှာ ommaနဲ့Baek Hyun သာကျန်​​နေရစ်​ခဲ့သည်​..။

ည​နေစာစားခါနီး​ရောက်​ချလာတာမို့ နဂိုတည်းက ဧည့်​သည်​​တွေကိုဧည့်​ဝတ်​​ကျေပွန်​​လေ့ရှိသည့်​ omma က​တော့ ​ကောင်​​လေးကို ​လောကွတ်​ပြုပြီး ညစာပါအတူဝင်​စားခိုင်းတာမို့အခုဆိုရင်​ Park မျိုးရိုးတစ်​​ယောက်​က​တော့
Byun အိမ်​မှာ ပထမဆုံးအကြိမ်​အဖြစ်​ ညစာစားရ​တော့မည်​ဖြစ်​သည်​...။

Revenge(Completed)Onde histórias criam vida. Descubra agora