11..

3.7K 545 11
                                    

ZAWGYI

မနက်​၈ နာရီငါးမိနစ်​​ကျော်​​ကျော်​​လေး..။

ဆေးရုံ​အောက်​​ရောက်​​နေပြီဖြစ်​​ပေမယ့်​ ကား​ပေါ်ကမဆင်း​သေးပဲChanYeolတစ်​​ယောက်​ကား​ထဲမှာ
အလုပ်​ရှုပ်​​နေသည်​...။

မ​နေ့ကတည်းက ကတ်​လိုက်​၀ယ်​ချလာပြီး ​ရေခဲ​သေတ္တာထဲ ​သေချာ​လေးထည့်​ထားတဲ့
နွားနို့ဘူး​တွေထဲကတစ်​ဘူးကို ​သေချာ​လေး ယူလာပြီး
အခုလဲ ​သေချာ​လေး ကိုင်​ကာ စာရွက်​​လေးတစ်​ရွက်​ကို ဘူး​ပေါ်မှာ တိပ်​နဲ့စိတ်​ရှည်​ လက်​ရှည်​ကပ်​​နေသည်​...။

/ ဒါကကျွန်​​တော်​ကြိုက်​တဲ့နွားနို့တံဆိပ်​..
ဦး​လေးကြီးလဲ ကြိုက်​မယ်​လို့ယုံတယ်​...
ကြိုက်​ကြိုက်​မကြိုက်​ကြိုက်​ ကျွန်​​တော်​ကြိုက်​တာမို့ ဆက်​ဆက်​​သောက်​ရမယ်​​နော်​.../

အပြာ​ရောင်​​ဆော့ပင်​နဲ့လက်​​ရေးခပ်​​သော့​သော့တစ်​ချို့ခြံရံထားတဲ့စာရွက်​ဖြူ​လေးကို နို့ပုလင်း​ပေါ်မှာ ကပ်​ပြီးတဲ့သကာလမှာ​တော့ ကား​ပေါ်ကဆင်းပြီး သုံးလွှာက ခွဲစိတ်​ဌာနရှိရာဆီ တန်းတန်းမတ်​မတ်​​လျှောက်​သွားလိုက်​သည်​...။

အတိအကျ​ပြောရရင်​ ​ဆေးရုံအုပ်​ရုံးခန်းထဲ လို့​ပြောရမှာ​ပေါ့...။

အခုသွားရင်​သူ​တော့မ​ရောက်​​လောက်​​သေးဘူး..။
အဲ့တာ​ကြောင့်​မ်ို့သူ့ထက်​နည်းနည်း​စော​စောထွက်​လာခဲ့ခြင်းသာ..။

ဘာလို့လဲဆို​တော့ မ​နေ့က​ပြောခဲ့တယ်​မလား...။

သူကိုယ့်​ကို သတိတရဖြစ်​​နေ​အောင်​လို့ အ​သေးအဖွဲ​လေး​တွေကအစအမှတ်​တရ​ကောင်း​ကောင်း​လေး​တွေဖန်​တီး​ပေး​တော့မှာလို့..။

အဲ့တာ​ကြောင့်​မို့ မနက်​ခင်းအချိန်​အခါကိုအမှတ်​တရ​ကောင်း​လေး​တစ်​ခု နဲ့အစပြုဖို့ရာအတွက်
နွားနို့ပုလင်း​လေး​သေချာကိုင်​ပြီး သုံးလွှာဆီတက်​လာခဲ့လိုက်​သည်​...။

ChanYeol ​ခြေလှမ်း​တွေသွက်​​နေသလို..
နှုတ်​ခမ်း​တွေပါ အလှပဆုံးတွန့်​ချိုး​နေခဲ့သည်​..။

Revenge(Completed)Where stories live. Discover now