29..

2.6K 533 105
                                    

Zawgyi

(P.S: ဒီအပိုင်းမဖတ်​ခင်​Part 5 ကို ပြန်​ဖတ်​လိုက်​​နော်
အားလုံးနားလည်​သွားလိမ့်​မယ်​..
ပြီးခဲ့တဲ့အပိုင်းမှာ reader​တွေနားမလည်​နိုင်​ဖြစ်​သွားတာအတွက်​လဲ ​အောက်​မှာ ​ဖြေရှင်းချက်​ပါပါတယ်​..
M pregnant လဲမဟူတ်​ပါဘူး...
ဖြေရှင်းချက်​​လေးဖတ်​ပြီးရင်​ရှင်းသွားမှာပါ..)

မျက်​လုံး​ဖွင့်​ဖို့​တောင်​​တော်​​တော်​​လေး အားယူ​နေရသည့်​အ​ခြေအ​နေတွင်​ လက်​​ချောင်း​လေး​တွေလှုပ်​ဖို့ကိုလည်း မနည်းကြိုးစား​နေရသည်​...။

တစ်​ကိုယ်​လုံးအားအင်​ယုတ်​​လျော့​နေပြီး ​ဆေးရုံ​ပေါ်​ရောက်​​နေရတဲ့ဒီအ​ခြေအ​နေက ဘာကြီးလဲ....?
အသက်​ရှူစက်​​တောင်​တပ်​ထားရသည့်​အ​နေအထားကြီးက..။

စော​စောက​လေးတင်​Chan Yeollieနဲ့လက်​ထပ်​ပြီးခဲ့တာ​ကို​လေ...။

ဟား...!?

Chan Yeollieဆိုမှ ​နေပါဦး...

တစ်​ခုခု လွဲ​နေတယ်​ထင်​တယ်​...။

ဒါ​ပေမယ့်​ ဘာလွဲ​နေမှန်းမသိတာ...။

ကျန်းမာ​ရေး​ဒေါင်​​ဒေါင်​မြည်​​နေတဲ့လူက အခုလိုမျိုး​ဆေးရုံ​ပေါ်​ရောက်​​နေရတဲ့အ​ခြေအ​နေကြီးကိုကစလွဲ​နေတာ..။
မဟုတ်​​သေးပါဘူး...။

ပြီး​တော့ဖြည်းဖြည်းချင်းအားယူဖွင့်​ချလိုက်​သည့်​အမြင်​အာရုံထဲမှာ တဖြည်းဖြည်း မြင်​လာရသည့်​ ကိုယ့်​ ခန္ဓာကိုယ်​ အ​ခြေအ​နေနဲ့​ဆေး​တွေ စက်​ပစ္စည်း​တွေတပ်​ဆင်​ထားပုံက
ကိုယ်​လဲ ဆရာဝန်​တစ်​​ယောက်​မို့ အ​ခြေအ​နေကို
အ​သေအချာ သ​ဘော​ပေါက်​လိုက်​သည်​..။

ဒါက နှစ်​ရှည်​လများ လှဲ​လျောင်းပြီး သတိ​မေ့​နေသည့်​ လူနာ​တွေရဲ့အ​နေအထား​လေ..။

ကိုယ့်​အ​ခြေအ​နေကဒါမျိုးဖြစ်​စရာမှ အ​ကြောင်းမရှိတာ​...။

ခု​လောက်​ဆို ChanYeollieနဲ့လက်​ထပ်​ပြီးလို့အိမ်​မှာပဲ ​ပျော်​​ပျော်​ရွှင်​ရွှင်​​နေ​နေရမှာကို...
တကယ်​ပဲ ဘာ​တွေဖြစ်​ခဲ့လို့လဲ...။

တစ်​ကယ်​ဆို BaekHyunဒီ​လောက်​အ​နေအထားဖြစ်​​နေပြီဆိုရင်​​ဘေးနားမှာ စိုးရိမ်​တကြီးနဲ့​စောင့်​ဆိုင်း​နေမယ့်​Chan Yeollieလဲ ရှိရမယ်​မလား..။

Revenge(Completed)Where stories live. Discover now