8..

3.9K 582 20
                                    

Zawgyi

ည၁၁ နာရီ​ကျော်​၀န်းကျင်​..။

ဆိုးလ်​မြို့ရဲ့လမ်းမ​တွေထက်​မှာ လူ​တွေကျဲပါးစပြု​နေ​ပေပြီ..။

Baek Hyun က​တော့ဒီ​နေ့ ​ဆေးရုံညစာစားပွဲဖြစ်​တာမို့ အရင်​​နေ့​တွေတုန်းကထက်​အိမ်​ပြန်​ချိန်​​နောက်​ကျခဲ့သည်​..။

နည်းနည်း​သောက်​ရမှာမို့ မနက်​တည်းကကားမယူလာပဲ အိမ်​ကိုအငှါးကားနှင့်​သာ ပြန်​ဖို​စိတ်​ကူးထားတာ​ကြောင့်
ဆေးရုံကလူ​တွေနဲ့လမ်းခွဲလာပြီး​နောက်​ပိုင်း Taxiနဲ့အိမ်​ပြန်​လာခဲ့သည်​..။

သို့​သော်​ ​ဆေးရုံနဲ့ အိမ်​ကြားထဲကလမ်းမှာ တစ်​စုံတစ်​ခု​သော​နေရာ​လေးရှိ​နေမှန်းသတိရသွားတာ​ကြောင့်​ကားကို
အိမ်​အထိမငှါး​တော့ပဲ လမ်းခုလတ်​က​နေပဲ လမ်း​လျှောက်​ဖို့ပြင်​လိုက်​သည်​..။

ညသန်း​ခေါင်​အချိန်​နီး​နေပြီမို့ လမ်းမှာ လူ​တော်​​တော်​​လေးကျဲ​နေ​ပေမယ့်​Baek Hyun က​တော့ သ​ဘောကျသည်​..။

ကိုယ့်​မြို့ကိုယ့်​နယ်​​မြေက ဆိုးလ်​မှာ ရာဇ၀တ်​မှု ​တော်​​တော့်​ကိုနည်းသည့်​​ဒေသမို့ လူဆိုးဂျပိုးအန္တရာယ်​ကိုလဲစိတ်​ချရကာ လမ်း​အေး​ဆေး​လျှောက်​​နေမိသည်​...။

နေ့ဘက်​ဆိုကား​တွေအပြည့်​ဖြစ်​​​နေသည့်​လမ်းမကြီးကလဲ အခုကျတစ်​ကားစနှစ်​ကားစပဲရှိ​နေကာ ​လေ​တွေလဲ တ၀ူးဝူးတိုက်​ခတ်​​နေသည်​..။

အ​ပေါ်အကျီင်္အိတ်​ကပ်​ထဲ လက်​နှစ်​ဖက်​ထည့်​ပြီး သန့်​ရှင်း​သော​လေထုကို အားပါးတရရှုရှိုက်​ကာ အိမ်​သို့​ဖြေး​ဖြေးမှန်​မှန်​​လျှောက်​လာခဲ့သည်​..။

ဒီ​နေ့ညစာစားပွဲက Baek Hyun ကိုဦးတည်​ပြီးလုပ်​သည့်​ပွဲဆိုလဲ မမှားသလိုဒီ​နေ့ကBaek Hyun ဘ၀ရဲ့အ​ပျော်​ဆုံး​နေ့တစ်​ရက်​ဆိုလဲ မမှား​ပေ..။

လက်​ရှိ​ဆေးရုံအုပ်​က အငြိမ်းစားယူ​တော့မှာမို့ ဆက်​ခံမည့်​​ဆေးရုံအုပ်​ကို ​ရွေးချယ်​ကြရာတွင်​ လူအများ၏ ဆန္ဒမဲအရ ​ဆေးရုံမှာ အ​တော်​ဆုံးဆရာဝန်​တစ်​​ယောက်​လို့နာမည်​သတင်း​မွှေးလွန်းသည့်​ Baek Hyun ကို ​ဆေးရုံအုပ်​အဖြစ်​ CEO အပါအ၀င်​လုပ်​​ဖော်​ကိုင်​ဖက်​အားလုံးက သ​ဘောတူ​ရွေးချယ်​ခဲ့ကြသည်​...။

Revenge(Completed)Where stories live. Discover now