9..

3.7K 654 56
                                    

Zawgyi

နေ့တစ်​​နေ့အစပြုတာနဲ့Chan Yeol ပထမဆုံးလုပ်​တဲ့အရာက morning exercise ပင်​..။

ဆေး​ကျောင်းသားမို့လို့ကျန်းမာ​ရေးလိုက်​စားတယ်​ပဲ​ပြော​ပြော...
ဒီတိုင်းကျန်းမာ​ရေး​ကောင်းချင်​လို့လုပ်​တယ်​ဆိုဆို...

နောက်​တစ်​ခုက appaက ငယ်​ငယ်​တည်းကသူနဲ့မနက်​ခင်းတိုင်းလမ်း​လျှောက်​ဖို​အတူတူ​ခေါ်​လေ့ရှိတာ​ကြောင့်
မနက်​ပိုင်းအ​ရေးတကြီးသွားစရာရှိတဲ့​နေ့​တွေကလွဲရင်
မနက်​​ခြောက်​နာရီ​လောက်​ထပြီး ရပ်​ကွက်​တစ်​ပတ်​လမ်း​လျှောက်​တာဖြစ်​ဖြစ်​ တစ်​ချို့​နေ့​တွေဆို စက်​ဘီး ပတ်​စီးတာဖြစ်​ဖြစ်​ လုပ်​​လေ့ရှိသည်​..။

အရင်​​နေ့​တွေတုန်းက appa နဲ့အတူတူ​လျှောက်​​လေ့ရှိ​ပေမယ့်​ အခုတ​လော appaကအလုပ်​ကိစ္စနဲ့ ခရီးထွက်​သွားတာမို့ဒီတစ်​ရက်​နှစ်​ရက်​​တော့Chan Yeolတစ်​​ယောက်​တည်း လမ်း​လျှောက်​​နေရသည်​.။

ကျစ်​လစ်​သန်​မာတဲ့ခန္ဓာကိုယ်​အမိုက်​စား​ပေါ်မှာအားကစားဝတ်​စုံ​အ​ကောင်းစား ဆင်​ယင်​ထားသည့်​Chan Yeolရဲ့ပုံစံက မနက်​ခင်းမှာတင်​ လုံးဝပြည့်​စုံနှင့်​ပြီး​နေပြီ....။

Chan Yeolရဲ့IG မှာကြည့်​မယ်​ဆိုရင်​ အားကစားဝတ်​စုံနဲ့ပုံ​တွေက​ရေပန်းအစားဆုံးဖြစ်​သည်​..။

omma ဆီက ​ချော​မောတဲ့ရုပ်​ရည်​ကိုအ​မွေဆက်​ခံထားတာမို့ ရုပ်​ရည်​ကလဲ ​ပြောစရာမလို​အောင်​​ချော​နေသည့်​အပြင်​ ​သေချာ​လေ့ကျင့်​ထားသည့်​body sturucture က ​ယောက်ျားချင်း​တောင်​​ငေးကြည့်​ရသလို မိန်းက​လေး ​တွေကြားမှာ​ရေပန်းစားချက်​က​တော့မ​ပြောပါနဲ့​တော့....။

Park Chan Yeolဆိုရင်​​ဆေး​ကျောင်းသာမက တခြားတက္ကသိုလ်​​တွေအထိ နာမည်​သတင်းကြီးလွန်းသည်​..။
အခု​ChanYeol
ကျောင်းပြီးပြီဆို​တော့ ငို​နေကြတဲ့က​လေးမ​လေး​တွေအများကြီးဆိုပဲ..။
ဟုတ်​လားမဟုတ်​လား​တော့မသိ..ထားပါ အဲ့တာက..။

နောက်​အ​ကြောင်းအရာတစ်​ခုဆီထပ်​သွားရမယ်​ဆိုရင်​​တော့

Revenge(Completed)Where stories live. Discover now