12...

2.9K 478 58
                                    

Zawgyi

ည ၁၀ နာရီ​ကျော်​​ကျော်​..။

ပုံမှန်​ဒီလိုအချိန်​မျိုးဆိုရင်​ အိမ်​မှာ ပဲ​နေဖြစ်​တာများ​ပေမယ့်​ဒီ​နေ့​တော့ ပုံမှန်​နဲ့မတူ တမူထူးစွာနှင့်​ပင်​..
Baek Hyun တစ်​​ယောက်​ ရပ်​ကွက်​​တွေထဲမှာ ထား​ပေးထားသည့်​က​လေးကစားကွင်းတစ်​ခုဆီ​ရောက်​​နေသည်​...။

နေရာအတိအကျ​ပြောရမယ်​ ဆိုရင်​ Baek Hyun သွား​နေကျစာကြည့်​တိုက်​နဲ့စား​သောက်​ဆိုင်​တွဲရက်​​လေးဖွင့်​ထားသည့်​ ရပ်​ကွက်​ထဲက ကစားကွင်း​လေးထဲ လို့​ပြောရမှာ​ပေါ့...။

ညနည်းနည်း​မှောင်​​နေ​ပေမယ့်​ BaekHyun ထိုင်​​နေတဲ့ဒန်း​လေးနားမှာ က​လေးနှစ်​​ယောက်​ဆီး​ဆော ​ဆော့​နေတာကို ထိုင်​​စောင့်​​ပေး​နေတဲ့အ​မေနှစ်​​ယောက်​ရယ်​..

ကစားကွင်း​လေးကိုဖြတ်​​လျှောက်​​နေကြတဲ့လမ်းသွားလမ်းလာနည်းနည်းရယ်​ ရှိ​နေ​တော့ လူ​တော့မပြတ်​​သေးလို့ ​ပြောရမည်​..။

Baek Hyun ကိုယ့်​scheduleနဲ့ကိုယ်​သာဆိုရင်​ဒီကို​ရောက်​​နေစရာဘာအ​ကြောင်းမှမရှိ​ပေမယ့်​ အခု​တော့
Baek Hyun ​ဘေးနားကဒန်း​ပေါ်မှာထိုင်​ကာ သူ့​ခြေ​ထောက်​အရှည်​ကြီးကို ကားယားကားယားလုပ်​ပြီး
စကား​တွေ ​ရေပက်​မ၀င်​​အောင်​​ပြော​နေတဲ့
ပြောမ​ကောင်းဆိုမ​ကောင်း လူသား​လေး​ကြောင့်
ညကြီးအချိန်​မ​တော်​က​လေးကစားကွင်းထဲ ဤသို့​ရောက်​​နေရခြင်းပင်​...။

တွေ့ဖို့ချိန်းတာလဲ သူ..။
ဒီကိုလာဖို့ဦး​ဆောင်​တာလဲ သူ..။

စကား​တွေ​ရေပက်​မ၀င်​​အောင်​​ပြော​နေတာလဲသူ..။

BaekHyun အမှတ်​မမှားဘူးဆိုရင်​ ပြီးခဲ့တဲ့​လေးရက်
ဒီ​ကောင်​​လေး ​ဆေးရုံစ​ရောက်​တဲ့​နေ့ကတည်းက အခုလက်​ရှိအချိန်​ထိ Baek Hyun အိမ်​မှာရှိ​နေတဲ့အချိန်​ကလွဲရင်​ ကျန်​တဲ့အချိန်​အားလုံး ဒီခပ်​​ချော​ချော မျက်​နှာကိုပဲ မြင်​​နေရသလိုပင်​..။

ဆေးရုံမှာလဲ BaekHyun ခွဲစိတ်​ခန်းဝင်​​သည့်​အချိန်​​တွေကလွဲရင်​ ဦး​လေးကြီးလို့တစ်​တွင်​တွင်​​ခေါ်ကာ အနားမှာ သူရှိသည်​..။

Revenge(Completed)Onde as histórias ganham vida. Descobre agora