36...

2.2K 373 10
                                    


Zawgyi

Park အိမ်​ရဲ့ ထမင်းစားခန်းထဲတွင်​..
ChanYeol ရယ်​..
Chan Yeol ညီမ​လေးရယ်​..
omma ရယ်​ ညစာစားလျက်​ရှိသည်​..။

Park မိသားစု​တွေက ကိုယ့်​အလုပ်​နဲ့ကိုယ်​ရှုပ်​​နေကြတဲ့လူ​တွေချည်းမို့ မိသားစုစုံညီထမင်းစားဖို့ဆိုတာ
တစ်​ပတ်​မှာတစ်​ခါ လက်​စုံစားဖို့သ​ဘောတူညီထားသည့်​ရက်​မှသာ အားလုံးဆုံဖြစ်​ကြသည်​..။

ဒါ​တောင်​ဒီ​နေ့ appa က Co.မှာ လူကြီးပိုင်း​တွေနဲ့စု​ဝေးပွဲရှိလို့ဒီည မိသားစုထမင်းလက်​ဆုံစားတာ မပါနိုင်​​ချေ...။

အဲ့​တော့လဲ omma ရယ်​..
ညီမ​လေးရယ်​နဲ့ပဲ အတူတူစားလိုက်​တာ​ပေါ့...။

/ မနက်​ဖြန်​ကျ omma တို့သွားဖြစ်​တယ်​တဲ့... / 📩

တစ်​ပတ်​မှာတစ်​ခါသာစုံစုံညီညီ​တွေ့ရ​တဲ့​နေ့ဖြစ်​​ပေမယ့်
ဒီက​နေ့မှာ​တော့ ChanYeolတစ်​​ယောက်​ ထမင်းဝိုင်းကိုအရင်​လို အာရုံမစိုက်​နိုင်​ပဲ ဖုန်းတစ်​ကိုင်​ကိုင်​နဲ့ဖြစ်​​နေသည်​..။

ထမင်းလဲ တို့ကနန်းဆိတ်​ကနန်းသာစားဖြစ်​သည်​..။

ဖြစ်​မှာ​ပေါ့..။

ရည်းစားဖြစ်​ပြီးကတည်းက ​နှစ်​​ယောက်​လုံး​ဆေးရုံမှာပဲ လုံးချာလည်​လိုက်​​နေခဲ့ရတာမို့..
ဆေးရုံကလွဲ date လုပ်​ဖို့​နေရာ မရှိခဲ့တာ​ကြောင့်
တစ်​နေရာရာ သွားပြီး​အေး​ဆေး date လုပ်​ချင်​မိတယ်​လို့ ပြီးခဲ့တဲ့ရက်​ပိုင်းက ChanYeol ​ပြောမိတာကို..
ဒီ​နေ့မှာ​တော့
ချစ်​ရတဲ့ဦး​လေးကြီးဆီကတစ်​စုံတစ်​ခု​သောအ​ကြောင်းအရာကို
ဖြည့်​ဆည်း​ပေးမယ့်​ဆုံးဖြတ်​ချက်​ကို ​စောင့်​​နေခြင်းဖြစ်​သည်​..။

ခုတ​လော ​ဆေးရုံမှာခွဲစိတ်​လူနာ​တွေ ပုံ​သော​နေတာ​ကြောင့်
့ တခြား​နေရာ သွား​နေဖို့မအားလပ်​သည့်​ ဆရာဝန်​ကြီးက..
နက်​ဖြန်​ကျရင်​ သူ့omma နဲ့ appaက
သူတို့​မြေး​တွေနဲ့ ​တောင်​တက်​ တစ်​ရက်​သွားမှာ
မို့​ChanYeolသူ့အိမ်​ လာအိပ်​လို့ရ​ကြောင်း..
ဒါ​ပေမယ့်​လဲ..
သူ့omma ကို​မေးပြီးမှ အတည်​ပြု​ပေးမယ်​လို့​ပြောလွှတ်​လိုက်​တာ​ကြောင့်
ဆေးရုံကပြန်​လာပြီးကတည်းက Chan Yeolမှာ ဖုန်းနဲ့မျက်​နှာနဲ့မခွာနိုင်​ဖြစ်​​နေရသည်​..။

Revenge(Completed)Where stories live. Discover now