25..

2.5K 533 57
                                    

Zawgyi

"Baek Hyun shi..ကျွန်​မ​ပြောတာ​လေးတစ်​ချက်​နား​ထောင်​​ပေး​နော်​..."

"ကျွန်​​တော်​ခံစားခဲ့ရသလို ခင်​ဗျားသားခံစားရမယ်​ဆိုရင်​​ရော...!!
အာ...ကျွန်​​တော်​​အေး​အေး​ဆေး​ဆေးပဲ ​ပြောပါ့မယ်​..."

Chan Yeol အ​မေက ဘယ်​သူဆိုတာ ​သေ​သေချာချာ ဇာတ်​​ရေလည်​သွားပြီးတဲ့​နောက်​မှာ...

အဲ့အမျိုးသမီးက ဘာ​တွေကို​ပြောပြချင်​​နေလဲ​တော့မသိ..
သူ​ပြောတာ တစ်​ချက်​​လောက်​ နား​ထောင်​​ပေးဖို့ ​မေတ္တာရပ်​ခံ​နေ​ပေမယ့်​ Baek Hyun က​တော့ အခုချိန်​စိတ်​ထဲမှာ ခံစားချက်​​တွေအမျိုးမျိုး ဖြစ်​​နေတာ​ကြောင့်​..
စိတ်​ထဲ​တွေး​မိလိုက်​တာကို

ဒေါသမထိန်းနိုင်​ပဲ ​အော်​ဟစ်​မိလိုက်​တဲ့အထိ..။

ဒါ​ပေမယ့်​ ​ဘေးနားက​နေ သူ့အ​မေနဲ့Baek Hyun အ​ကြောင်းကို ဘာတစ်​လုံးမှ သိပုံမရသည့်​ Baek Hyun ရဲ့ချစ်​ရသူက ​ကြောင်​​တောင်​​တောင်​​လေးနဲ့စိတ်​ရှုပ်​​ထွေး​နေတဲ့ပုံကိုမြင်​လိုက်​ရ​တော့ ​ဒေါသ​တွေကို အချစ်​နဲ့ အသာ​လေး​မျှောချပြီး​လေသံကို ​လျှော့လိုက်​သည်​...။

ဒေါသ​ရှေ့ထားလိုက်​ရင်​ အားလုံးမှားမယ်​မလား....။

ကိုယ်​ခံစားခဲ့ရသလိုမျိုး သူ့သားခံစားလိုက်​ရရင်​ ဘယ်​လိုဖြစ်​သွားမှာလဲ ​မေးလိုက်​တာ​တောင်​​တော်​​တော်​လွန်​သွားခဲ့သည်​..။

တကယ်​ဆိုChanYeollieက ဘာမှ,မှအပြစ်​မရှိပဲ​လေ..။

လူကြီး​တွေဇာတ်​လမ်းမှာ က​လေးက ဘာမှ သိတာမဟုတ်​​တော့ဒီအချိန်​Baek Hyun ဘာပဲဆုံးဖြတ်​ဆုံးဖြတ်​သူ့အ​ပေါ်မှာ သက်​​ရောက်​မှုက အရမ်းကြီးသွားမှာမို့ ဆုံးဖြတ်​ချက်​​တွေမမှားရ​အောင်​ ချင့်​ချိန်​လိုက်​သည်​..။

ဒါ​ပေမယ့်​လဲ အဲ့အမျိုးသမီးရဲ့မျက်​နှာကို မျက်​စိ​ရှေ့မှာ မြင်​​နေရတာကိုက ပြီးခဲ့တဲ့ နှစ်​ပိုင်း​တွေကမှ အတင်းကာ​ရော ​မေ့ပစ်​ခဲ့ရတဲ့ခံစားချက်​ဆိုးဆိုးဝါးဝါး​တွေ...

ပြီး​တော့..

ဆယ်​​ကျော်​သက်​ တစ်​ဘ၀လုံးသူ့ဆီမှာပဲ နှစ်​မြှုပ်​ထားခဲ့တဲ့ခံစားချက်​​တွေကို အလွဲသုံးစားလုပ်​ပစ်​ခဲ့ရက်​တာ​တွေက..

Revenge(Completed)Where stories live. Discover now