4...

3.9K 532 14
                                    


Zawgyi

ဖေ​ဖော်​၀ါရီလထဲကရက်​တစ်​ရက်​..
အတိအကျ​ပြောရရင်​ ​ဖေ​ဖော်​၀ါရီ၁၄ ရက်​ Valentine day...

ရည်းစားနှစ်​​ယောက်​ထားခဲ့ဖူး​ပေမယ့်​ ရည်းစားရှိ​နေတဲ့အချိန်​က Valentine day နဲ့မတိုက်​ဆိုင်​ခဲ့တာ​ကြောင့်​ ​ပြောရရင်​ တစ်​သက်​လုံး single life နဲ့ဖြတ်​သန်းခဲ့ရတဲ့ ဘ၀မှာ ဒီ​နှစ်​​တော့ Baek Hyun အတွက်​ အမှတ်​ရဖွယ်​​နေ့​လေးတစ်​​နေ့ဖြစ်​လာဖို့အ​ကြောင်းဖန်​ခဲ့ပြီဖြစ်​သည်​..။

တခြား​တော့မဟုတ်​..။
မ​နေ့က​အောင်​စာရင်းထွက်​တယ်​မလား..။
အဲ့မှာ roll.no မကျတာမို့ Baek Hyun ကြိုက်​တာ​လေးဝယ်​​ကျွေးမယ်​လို့ကတိ​ပေးထားတဲ့LiLiက ဒီ​နေ့ Valentine day နဲ့တိုက်​ဆိုင်​သွားတာမို့ ​ချောကလက်​လာ​ပေးမယ်​လို့ ​ပြောထားခြင်း​ကြောင့်​ Baek Hyun တစ်​​ယောက်​ထမရထိုင်​မရ တစ်​ကြွကြွနဲ့ အ​ပျော်​လုံးဆို့​နေသည်​..။

သူငယ်​ချင်းနဲ့မုန့်​သွားစားပြီး အိမ်​ပြန်​​ရောက်​ကတည်းက ဘာမှမလုပ်​နိုင်​ ..။
အ​ပျော်​လူံးဆို့ပြီး ဘာကိုမှ focus ထားလို့မရတာ
LiLiလာဖို့​ပြောထားသည့်​ အခုညကိုးနာရီအထိပဲ..။

နာရီလက်​တံ​တွေက ညကိုးနာရီခွဲဖို့မိနစ်​ပိုင်းသာလို​တော့​ကြောင်းပြလာသည့်​အချိန်​ LiLi ကလဲ အိမ်​​ရှေ့​ရောက်​ခါနီးပြီဆို​သောအခါ Baek Hyun မှာ​နေစရာကိုမရှိ​တော့..။
ရင်​​တွေအရမ်းခုန်​ကာ ဂနာမငြိမ်​ဖြစ်​ရသည်​.။

ဒါက LiLiနဲ့ဒုတိယအကြိမ်​​မြောက်​​တွေ့ဆုံခြင်းပင်​ဖြစ်​သည်​..။

အမှန်​က အပြင်​မှာလူချင်း​သေချာ​တွေ့ပြီးမုန့်​ဝယ်​​ကျွေးဖို့​ပြောထားတာ​ပေမယ့်​ ကံမ​ကောင်းစွာပင်​ လွန်​ခဲ့သည့်​တစ်​ပတ်​က သူမတို့အဖွဲ့ entertainment မသိ​အောင်
ရှောင်​ခိုင်းထားသည့်​မုန့်​​တွေကို ခိုးပြီးသွားစားကြတာကို အဖွဲ့လိုက်​ကြီးမိသွားတာမို့ CEOဆီမှာ​ကောင်း​ကောင်းကြီးအဆူခံထားရလို့ပါဆိုပြီး ​ချောကလက်​ကိုအိမ်​​ရှေ့သာလာပို့​ပေးနိုင်​​တော့မည်​လို့ တိုးတိုး​လေး​ပြောလာ​သောသူမ..။

Revenge(Completed)On viuen les histories. Descobreix ara