21..[ Birthday Part 1]

3.1K 481 31
                                    

Zawgyi

Park အိမ်​ရဲ့ မီးဖိုခန်းမှာ မိသားစုသူံး​ယောက်​လုံး
ထမင်းစားပွဲ ပြင်​ဆင်​ရင်း အလုပ်​ရှုပ်​​နေကြသည်​..။

Nov 27 ရက်​ဆို​တော့ သားကြီးPark Chan Yeolရဲ့​မွေး​နေ့မလား..။

သမီးအငယ်​က​တော့ နိုင်​ငံခြား​ရောက်​​နေတာမို့ မလာနိုင်​​ပေမယ့်​ သားရဲ့​မွေး​နေ့ဆို​တော့ Park papa ​ရော Park omma ပါနှစ်​​ယောက်​လူံးအချိန်​အား​အောင်​လုပ်​ပြီးဒီက​နေ့​တော့ မိသားစုနဲ့အချိန်​​ပေးဖြစ်​ကြသည်​..။

ည​နေပိုင်းကျရင်​သူငယ်​ချင်း​တွေနဲ့ အပြင်​ထွက်​မှာမို့ မနက်​ပိုင်းကို သူ့အတွက်​အချိန်​​ပေးပါလို့​တောင်းဆိုထားတာ
ကြောင့်​ Park papa တစ်​​ယောက်​လဲ ဒီ​နေ့​တော့companyကို​နေ့တစ်​ပိုင်းခွင့်​ယူပြီး သားရဲ့​မွေး​နေ့ပွဲမှာ အချိန်​​ပေး​နေသည်​..။

မွေး​နေ့ပွဲဆိုပြီးလဲ အရမ်းအကြီးကြီး​တော့
မဟုတ်​​ပေ..။

မိသားစုသုံး​ယောက်​စာ ကြက်​သားကင်​ အမဲ ကင်​​တွေ ပြင်​ဆင်​ကြခြင်းပင်​...။

မ​နေ့ညကတည်းက shopping centre မှာ omma နဲ့အတူ လိုအပ်​တာ​တွေသွားဝယ်​ပြီး အခုလဲ omma နဲ့အတူ မီးဖို​ချောင်​၀င်​ရင်း Chan Yeol အစားအ​သောက်​​တွေပြင်​ဆင်​​နေသည်​..။

အရင်​နှစ်​​တွေတုန်းက​တော့ သူငယ်​ချင်း​တွေကို​နေ့ခင်းပိုင်း​ကျွေး​မွေးပြီး အိမ်​ကလူ​တွေနဲ့ ညပိုင်းအချိန်​ဖြူန်း​လေ့ရှိ​ပေမယ့်
ဒီနှစ်​​တော့အရင်​နဲ့မတူ​တော့...။

ရည်းစားကြီးလဲ ရှိလာပြီဖြစ်​သလို ရည်းစားကြီးကလဲ
ဆိုင်​မှာ လိုက်​၀ယ်​​ကျွေးမှာထက်​ ကိုယ်​တိုင်​ချက်​​ကျွေးပြီးtreatတာကို စားချင်​ပါတယ်​လို့​ပြောထားတာဆို​တော့ကာဒီညသူ့အတွက်​အချိန်​​ပေးဖို့ပြင်​ဆင်​ထားတာမို့appaနဲ့omma ကိုမနက်​ပိုင်းချိန်းလိုက်​ခြင်းသာ..။

appaနဲ့ကလဲ တအိမ်​တည်းသာ​နေတာ..
နှုတ်​ဆက်​ရုံ​လောက်​​လေး ခဏတစ်​ဖြုတ်​သာ ​တွေ့ရပြီး ထမင်း​တောင်​အတူတူထိုင်​မစားဖြစ်​တာ ကြာလှပြီဆို​တော့ ​မွေး​နေ့မှာ မိသားစု​တွေအကုန်​စုံ​အောင်​စီစဉ်​လိုက်​ခြင်းပင်​..။

Revenge(Completed)Where stories live. Discover now