28...( something special.)

2.9K 477 68
                                    

Zawgyi

သေဆုံးသူများရဲ့အရိုးပြာအိုး​တွေကို ကျန်​ရစ်​သူ​တွေအတွက်အမှတ်​ရထားရှိ​ပေးထားတဲ့အရိုးပြာတိုက်​...။

အကွက်​ငယ်​​လေးတစ်​ခုစီမှာ အရိုးအိုးတစ်​အိုးရယ်​..
ဓာတ်​ပုံတစ်​ပုံရယ်​..
မိသားစုဝင်​​တွေယူ​ဆောင်​လာကြတဲ့အမှတ်​တရပစ္စည်းတစ်​ချို့ရယ်​နဲ့..
လူတစ်​​ယောက်​စီ ​အေးချမ်းစွာ အနားယူ အိပ်​စက်​လို့​နေသည်​...။

ဒီ​နေ့ဆို LiLi ဆုံးသွားတာ တစ်​လ တင်းတင်းပြည့်​ခဲ့ပြီဖြစ်​သည်​...။

ဖြစ်​ပျက်​ခဲ့သမျှ​တွေကမြန်​ဆန်​လွန်းအားကြီးလို့ ဘာ​ပြောလို့​ပြောရမှန်းဒီ​နေ့အထိ Baek Hyun မသိ​သေး..။

သူမမဆုံးခင်​တုန်းက ဒီလို​တွေဖြစ်​လာမယ်​မှန်းမသိခဲ့လို့Baek Hyun မှာသူ့ကို ​ဒေါသတကြီး​တွေ​တောင်​ရန်လုပ်​မိခဲ့သည်​...။

ဒီလိုဖြစ်​မယ်​မှန်းသာကြိုသိခဲ့ရင်​ ဒါ​တွေ လုပ်​ခဲ့မှာ မဟုတ်​..။
တကယ့်​ကိုအားနာစရာပင်​...။

ဖြစ်​လာမှာ​တွေကိုကြိုသိနိုင်​စွမ်းရှိခဲ့ရင်

ဖြစ်​ပြီးခဲ့တဲ့ အတိတ်​ဇာတ်​​ကြောင်း​တွေကို နာကျင်​ဖွယ်​ လှန်​​လှော​ပြောမ​နေခဲ့ပဲနဲ့ သာသာယာယာ​လေးပင်​နှုတ်​ဆက်​စကား​ပြောဖြစ်​ခဲ့မယ်​ထင်​ပါရဲ့..။

အခု​တော့ခွင့်​လွှတ်​ပါတယ်​လို့​တောင်​မှတစ်​ခွန်းမ​ပြောလိုက်​ရ...။

ထွက်​ခွာသွားတာ အရမ်းကို​စောပါတယ်​ Lee Mi Young ရယ်​...။

"တစ်​ကယ့်​ကို မယုံနိုင်​​သေးဘူး..omma မရှိ​တော့တာ..."

ပညာ​တော်​သင်​သွားပြီးဒီနိုင်​ငံ ဒီ​မြေက​နေအ​ဝေးဆုံးထွက်​ခွာမယ်​လို့တိုင်​ပင်​ခဲ့ကြတာ​တွေလဲ အခု​တော့​လေနဲ့အတူ ​ပျောက်​ကွယ်​သွားခဲ့ပါပြီ...။

သူ့အ​မေဆုံးတယ်​လို့ဖုန်းဆက်​လာတဲ့​နေ့ကတည်းက..
အသုဘအခမ်းအနား ​သေ​သေချာချာ ပြီးသွားတဲ့အထိ..
ပြီး​တော့အခုအချိန်​အထိ...
သူ့အ​မေဆုံးသွားတာကို လက်​မခံနိုင်​ဖြစ်​​နေ​သေးတဲ့
ကောင်​​လေးရဲ့အနားမှာ...
Baek Hyun စက္ကန့်​မလပ်​​အောင်​ အတူ ရှိ​နေ​ပေးဖြစ်​ခဲ့သည်​...။

Revenge(Completed)Where stories live. Discover now