20..

3K 479 40
                                    

Zawgyi

အသက်​၁၈ ​ကျော်​ရင်​အရွယ်​​ရောက်​ပြီလို့သတ်​မှတ်​ထားကြ​ပေမယ့်​ Chan Yeolက​တော့အခုအသက်​၂၀ ​ကျော်​အရွယ်​​ရောက်​​နေတာ​တောင်​ အိမ်​ကိုလိမ်​ပြီးအပြင်​သွားထားတဲ့ကိစ္စကို မလုံမလဲ ဖြစ်​တုန်း...။

ဟို​နေ့က ညဘက်​ကြီး လူမသိ​အောင်​အိမ်​ကိုခိုးဝင်​ပြီးအကျီင်္လာယူပါတယ်​ဆိုမှ တိုက်​တိုက်​ဆိုင်​ဆိုင်​အဲ့​နေ့ကျမှ ညနက်​တဲ့အထိမအိပ်​​သေးတဲ့omma ​ကြောင့်
တခြားလဲ အ​ကြောင်းမပြချင်​​တော့..။

သူငယ်​ချင်း​တွေနဲ့ကမ်း​ခြေဘက်​တစ်​ရက်​နှစ်​ရက်​​လောက်​သွားမှာမို့ယူစရာရှိတာ​တွေ ယူလာတယ်​လို့ညာကာ တကယ်​​တော့ ဦး​လေးကြီးနဲ့နှစ်​​ယောက်​တည်းသွားလိုက်​ခြင်းပင်​...။

omma ကိုတတ်​နိုင်​သ​လောက်​ မလိမ်​မိ​အောင်​​နေ​နေတဲ့သားလိမ္မာ​လေးမို့ ယုတ္တိလဲတန်​​အောင်​ omma လဲ အာရုံလွဲ​အောင်ဆိုပြီး မိဘနှစ်​ပါးလုံးကြိုက်​ကြသည့်​ ပုဇွန်​​တွေအများကြီး ကမ်း​ခြေက​နေ၀ယ်​ချလာသည်​...။

တစ်​ကယ်​​တော့ လိမ်​ပြီးအပြင်​သွားထားတာကို ဟန်​ကိုယ်​ဖို့ကပ်​ဖားရပ်​ဖားလုပ်​​နေခြင်းသာ...။

အမှန်​ဆိုဒီအရွယ်​ကြီး ရည်းစားနဲ့ ခရီးသွားတာ အ​မေသိလဲ ဘာမှမဖြစ်​​ပေမယ့်​ အ​မေက အ​တွေး​တွေ​ချော်​​နေမှာစိုးလို့ဆိုတဲ့အ​ကြောင်းပြချက်​​တွေနဲ့Chan Yeolတစ်​​ယောက်​ ဤသို့မလုံမလဲ ဖြစ်​​နေခြင်းသာ..။

အ​ကြောင်းပြချက်​​တွေကလဲ ခိုင်​လုံ​နေတယ်​​လေ..။

အဲ့ညက ၀ိုင်​ထိုင်​​သောက်​ရင်းနဲ့ စိတ်​ထဲ တစ်​မျိုးတစ်​မည်​ဖြစ်​လာတဲ့အခိုက်​မှာ စိတ်​​တွေကိုအဆုံးထိလွှတ်​ချလုနီးပါးဖြစ်​ခဲ့တယ်​မလား...။

နောက်​ကျမှ အသိပြန်​ကပ်​လာလို့ လက်​မတင်​​လေးရပ်​တန့်​နိုင်​ခဲ့တာ​လေ..။

အဲ့နှုတ်​ခမ်းပါးပါး​တွေရယ်​..
ဖွေးအု​နေတဲ့ အသားအရည်​​လေးရယ်​..

ပြီးရင်​...
နူးညံ့လွန်းတဲ့အထိအ​တွေ့​တွေ..။

ဟား..!
Chan Yeol အတွက်​တစ်​ခါမှ မဖြစ်​ဖူးတဲ့လိုချင်​တပ်​မက်​မှူ​တွေ မဖြစ်​စဖူးဖြစ်​လာတာမို့ အဲ့ညက Baek ကိုလွန်​လွန်​ကျူးကျူးထိ​တွေ့​မိ​တော့
မလို့မလား...။

Revenge(Completed)Where stories live. Discover now