33..

2.2K 400 10
                                    

zawgyi

ဆေးရုံဆင်းသွားလဲ ​ဆေးရုံကို မကြာမကြာ လာလည်​လှည့်​ပါလို့ ဖိတ်​​ခေါ်ထားသည့်​ ဆရာဝန်​​လေး​ကြောင့်​...
အင်း ..သူမဖိတ်​ဘူးဆိုလဲ ကိုယ့်​ဘက်​ကသွားလည်​ဖို့အစကတည်းကအစီအစဉ်​ဆွဲထားပြီးဖြစ်​တာ​ကြောင့်
အိမ်​ပြန်​​ရောက်​ပြီးနှစ်​ရက်​အကြာတွင်​...
Park Chan Yeol ရှိရာထွက်​လာခဲ့လိုက်​သည်​...။

ဆေးရုံမဆင်းခင်​တရက်​က BaekHyun နဲ့အချိန်​တူတူ လာဖြုန်းသည့်​​နေ့တွင်​ သူ့ဆီ လာလည်​ဖို့မ​မေ့ရန်​အခါတစ်​ရာအခါတစ်​​သောင်း ​ပြောလွှတ်​လိုက်​သည့်​​ကောင်​​လေးက
ဦး​လေးကြီးကပဲကျွန်​​တော့်​ဆီ လာလည်​ဖို့အဆင်​​ပြေပြီး
ကျွန်​​တော့်​ဘက်​ကဦး​လေးကြီးဘက်​ကို လာလည်​ဖို့ကျသိပ်​အဆင်​မ​ပြေလို့ ...
ဦး​လေးကြီး လာလည်​မှာကိုပဲ ​မျှော်​ရ​တော့မယ်​လို့ မျက်​နှာငယ်​ငယ်​နဲ့​ပြော​​နေခဲ့တဲ့ပုံ​လေးက..
ရည်းစား နိုင်​ငံရပ်​ခြားကိုသွား​တော့မှာမို့ လွမ်းနာကျ​နေသည့်​ ရုပ်​က​လေးလို ညှိုးမှိုင်​လွန်းခဲ့သည်​...။

ဒီအ​တောအတွင်းByun omma က
ဆေးရုံဆင်းရင်​ အိမ်​မှာ ခဏ​လောက်​ အနားယူပြီး အပြင်​သိပ်​မထွက်​ခိုင်းဘူးလို့ ​ပြော​နေခဲ့တာ​တွေကို ကြားလို့ထင်​ပါ့...။

ပြီး​တော့ ဘယ်​​လောက်​ပဲ ဆရာဝန်​နဲ့လူနာဖြစ်​​နေပါ​စေ..
အခုလို အ​ခြေအ​နေနဲ့​တော့​နေ့တိုင်း​တွေ့လို့အဆင်​မ​ပြေတာကို သူလဲ သိသည်​ထင်​ပါ့...။

အဲ့​တော့ကာ

BaekHyun ဘက်​က သူ့ဆီ လာလည်​ဖို့ ကိုပဲ ​မျှော်​​နေရှာသည့်​​ကောင်​က​လေးအလိုကျ..
ဒီ​နေ့​တော့ သူရှိ​နေသည့်​​ဆေးရုံ​လေးဆီ BaekHyun ​ခြေ​ထောက်​​တွေဦးလှည့်​လိုက်​သည်​..။

ဆေးရုံဆင်းတာ မ​နေ့က တစ်​ရက်​ပဲ ရှိ​သေး​ပေမယ့်​လို့
BaekHyun ​ဘေးနား​တောက်​တဲ့က​လေးလိုကပ်​တွယ်​ချင်​ပုံရ​နေသည့်​ doctor က​လေးက..
မ​နေ့က တရက်​တည်းမှာ ပင်
မနက်​ခင်း morning message ​လေးပို့သလို..
ညဘက်​အိပ်​ခါနီး good night message ပို့ဖို့လဲ မ​မေ့​လျော့ခဲ့..။

Revenge(Completed)Kde žijí příběhy. Začni objevovat