34..

2.2K 421 21
                                    

Zawgyi

ဒီဇင်​ဘာ ၂၅ Christmas ​နေ့...။

ပြီးခဲ့တဲ့တစ်​ပတ်တုန်းက ဦး​လေးကြီးတို့အိမ်​မှာ ညစာသွားစားဖို့အစီအစဉ်​လုပ်​ထားခဲ့​ပေမယ့်​..အဲ့​နေ့မှာ..
ဦး​လေးကြီးရဲ့omma က သူ့အခင်​ဆုံးသူငယ်​ချင်းရူတ်တရက်​ဆူံးပါးသွားခဲ့​တော့ နာ​ရေးအခမ်းအနားမှာ သွား​ရောက်​ကူညီ​ပေး​နေခဲ့ရလို့ Chan Yeol ကို ညစာ ဖိတ်​​ကျွေးဖို့ မလုပ်​နိုင်​ခဲ့..။

အဲ့တာ​ကြောင့်​သူ့သူငယ်​ချင်းရဲ့ဈာပနအားလုံးပြီးစီးသွားခဲ့သည့်​ဒီ​နေ့မှသာ ဖိတ်​​ကျွေးခဲ့သည်​..။

တစ်​ပတ်​အလိုကတည်းက သူတို့အိမ်​မှာ ညစာသွားစားရ​တော့မယ်​ဆိုပြီးဖင်​တကြွကြွဖြစ်​​နေခဲ့တာမို့..
အခု​တော့ပို​တောင်​ ဖြတ်​ဖြတ်​လူး​နေပြီ...။

အ၀တ်​အစားကအစ ​တွေ့ရင်​ဘယ်​လို​ပြောရမယ်​ဆိုတာကပါ အိမ်​မှာတည်းက ​လေ့ကျင့်​လာခဲ့သည်​..။

သူ့omma တို့က​တော့ သူ့သား​လေးရဲ့တာဝန်​ခံဆရာဝန်​​လေးမို့အစစအရာရာဖူးဖူးမှုတ်​ပြီးလို​လေ​သေး မရှိ​အောင်​ ​ကျွေး​မွေးဧည့်​ခံ​ပေးလို့အားလုံးအဆင်​​ပြေ​ပေမယ့်
ChanYeol က​တော့ဘယ်​လို​ပြောရမလဲ..။

Crushကြီးအိမ်​ကို ပထမဆုံးသွား​ရောက်​ခြင်းလဲဖြစ်​သလို
သူ့မိဘနှစ်​ပါးနဲ့လဲ ​တွေ့ဆုံရ​တော့စိတ်​လှုပ်​ရှားပြီး ရင်​အခုန်​လွန်​​နေသည်​..။

ဒါ​ပေမယ့်​လဲ အမှားမရှိရ​အောင်​ ဂရုတစ်​စိုက်​​လေးနဲ့​နေလိုက်​​တော့အားလုံးကအဆင်​​ပြေ​ပြေပင်​..။

omma နဲ့appaက ChanYeolအတွက်​ အဖိုးနဲ့အဖွားအရွယ်​​တွေဆို​တော့..
အိမ်​ကိုညစာလာစားတာလက်​ဗလာနဲ့ဆို​တော့လဲ မ​ကောင်းတတ်​လို့..မျက်​နှာ လုပ်​တယ်​လဲ မဆိုသာ​အောင်
သက်​ကြီးအားဖြည့်​စာတစ်​ချို့ကိုလက်​​ဆောင်​အဖြစ်​၀ယ်​လာ​ပေး​ဖြစ်​​တော့
omma က​တော့ မလိုပါဘူး​ပြော​ပေမယ့်
သ​ဘောကျတဲ့အရိပ်​အ​ယောင်​​တွေမျက်​နှာမှာ အထင်းသားပင်​...။

omma က​ဆေးရုံမှာတည်းက
Chan Yeolကိုသူ့​မြေး​လေးလို ချစ်​တယ်​လို့တစ်​ဖွဖွ ​ပြော​နေခဲ့တဲ့လူဆို​တော့ကာ
အခုလဲ ထမင်းခွံ့မ​ကျွေးရုံတစ်​မယ်​ အရမ်း​တွေဧည့်​ဝတ်​​ကျေပွန်းလွန်း​နေပြန်​သည်​..။

Revenge(Completed)Where stories live. Discover now