7...

4.2K 566 27
                                    

Zawgyi

Another 10 years passed after Baek Hyun had returned from America,

ည​နေ ၄နာရီ​ကျော်​​ကျော်​အချိန်​​လေး..။

ဆိုးလ်​မြို့ရဲ့ည​နေခင်း​လေးက​တော့ ရာသီဥတု အ​ခြေအ​နေကအစ အရာအားလုံးသာယာ​နေသည်​..။

ပုံမှန်​ဒီလိုအချိန်​ဆို​ဆေးရုံထဲက ခွဲခန်းထဲမှာ အလုပ်​အမြဲရှုပ်​​နေတတ်​သည့်​ Baek Hyun ကဒီ​နေ့​တော့public holiday မို့ emergency ဌာန​ရော ခွဲစိတ်​ဌာနပါပိတ်​ထားတာမို့ နားရက်​ရ​နေသည်​...။

မနက်​ခင်းတပိုင်းလုံး အိမ်​ကတူနဲ့ game အတူတူ​ဆော့ပြီးတဲ့​နောက်​ ငတိက သူငယ်​ချင်း​တွေနဲ့ချိန်းထားလို့ဆိုပြီးအပြင်​ထွက်​သွား​တော့တစ်​​ယောက်​တည်းပျင်းပျင်းရှိတာနဲ့ တစ်​ရပ်​ကွက်​​ကျော်​က စာကြည့်​တိုက်​မှာစာလာဖတ်​ဖြစ်​သည်​..။

အမြဲ​တွေ့​နေကျသူငယ်​ချင်းကလဲ japan ကိုတစ်​လ တာဝန်​နဲ့​ဆေးကုဖို့သွားတာ​ကြောင့်​Baek Hyun အခုရက်​ပိုင်း​တွေ​တော်​​တော်​​လေးအထီးကျန်​​နေသည်​..။

တစ်​ခြားသူငယ်​ချင်း​တွေကလဲ အိမ်​​ထောင်​ရှိတဲ့လူနဲ့ ကိုယ့်​လိုအလုပ်​ဇယ်​ဆက်​လုပ်​​နေကြတဲ့လူ​တွေချည်းပဲဆို​တော့ တစ်​ခါချိန်းရင်​​တောင်​​တွေ့ဖို့တစ်​ပတ်​​လောက်​အချိန်​ယူကြရတဲ့လူ​တွေဆို​တော့ကာဒီ​နေ့လို ရှားရှားပါးပါးအားလပ်ရက်​မှာသူတို့လဲ မိသားစုကိုအချိန်​​ပေးချင်​ကြမှာ​ပေါ့ဆိုပြီးအလိုက်​တသိနဲ့ပင်​ဘယ်​သူ့ကိုမှ​တွေ့ဖို့မချိန်း​တော့..။

ကိုယ်​​တောင်​ညကျရင်​ appa နဲ့ omma အနားမှာ တစ်​ဖ၀ါးမှမခွာပဲ ​နေ​ပေးရမယ့်​တာဝန်​ယူထားသည်​မလား..။

အသက်​ ၇၀ နားနီး​နေပြီဖြစ်​သည့်​မိဘနှစ်​ပါးအတွက်​ hyung ကအိမ်​​ထောင်​နဲ့မို့အမြဲအ​ဖော်​မလုပ်​​ပေးနိုင်​​ပေမယ့်​ကိုယ်​က​တော့ ဒီလို​နေ့မျိုးမှာအ​ဖော်​လုပ်​​ပေးရမယ်​မလား..။

အခု​တောင်​ တူမ​လေးကသူ့အဖိုးနဲ့အဖွားကို မုန့်​လုပ်​​ကျွေးမယ်​ဆိုပြီး​ခေါ်သွားလို့သာBaek Hyun အိမ်​ကထွက်​ခွင့်​ရတာ..။
မဟုတ်​ရင်​omma တို့သူ့သားငယ်​​လေးကို အနားက​နေဘယ်​မှသွားခိုင်းမှာမဟုတ်​ဘူး..။
ဒီလိုပိတ်​ရက်​မျိုးမှာနင်​က ငါ့နားမ​နေပဲဘယ်​သ​ဝေထိုးဦးမလဲဆိုပြီးတဂျီဂျီ​ပြောတတ်​သည့်​omma က
အသက်​သုံးဆယ်​တုန်းက​ရော
အသက်​​လေးဆယ်​တုန်းက​ရော
အသက်​ငါးဆယ်​ အသက်​​ခြောက်​ဆယ်
အခုအသက်​ခုနှစ်​ဆယ်​နားနီးလာတာ​တောင်​ ဘာမှမ​ပြောင်းလဲ​သေး...။

Revenge(Completed)Where stories live. Discover now