42..

2.8K 433 33
                                    

Zawgyi

(P.S. မျက်​ရည်​တကယ်​ခိုင်​မှ ဖတ်​ပါ..)

မနက်​ ၆နာရီ​ကျော်​​ကျော်​...။

ဗိုက်​ထဲက အိပ်​​ဆေး​တွေကိုခွဲထုတ်​ထားတာ နာရီပိုင်းပဲကြာ​သေး​ပေမယ့်​..
ပြီး​တော့ ​ဆေးရုံမှာပဲ ငြိမ်​ငြိမ်​သက်​သက်​က​လေးအနားယူသင့်​​တယ်​ဆိုတာသိ​ပေမယ့်​လဲ
အချစ်​က သူရှိတဲ့​နေရာဆီလိုက်​လာခဲ့ပါလို့ ​ခေါ်ယူ​နေတဲ့အခိုက်​မှာ..
ညတုန်းက သူမတူ​အောင်​ရက်​စက်​ပြခဲ့ပါ​သော အချစ်​ဆီက
တစ်​စုံတစ်​ခု​သော ​ဖြေရှင်းချက်​ ​တွေကိုကြားချင်​လို့ရယ်​..

နောက်​တစ်​ခုက .....
ကိုယ့်​ကို ပြန်​ပြီးလက်​ခံ​ပေးနိုင်​မလားလို့ခွင့်​​တောင်းချင်​လို့ရယ်​..
အစရှိသဖြင့်​အမျိုးစုံ​သော အ​ကြောင်းပြချက်​​တွေနဲ့အတူ
တစ်​စက္ကန့်​​လေး​တောင်​တုံ့ဆိုင်းမ​နေပဲ ​ဆေးရုံက ​နေချက်​ချင်းထွက်​ချလာကာ အချစ်​ရှိ​နေရာ ထွက်​လာခဲ့လိုက်​သည်​....။

အ​မေနဲ့ညီမ​လေးကမလွှတ်​ချင်​​ပေမယ့်​လို့
ChanYeol အခု ဖြစ်​​နေသမျကိစ္စအားလုံးကသူမပ​ယောဂ​ကြောင့်​ဖြစ်​​နေရမှန်း​ကောင်း​ကောင်းကြီးနားလည်​သူ omma က​မျက်​နှာမ​ကောင်း​ပေမယ့်​လဲ ကိုယ့်​သားသမီး​ပျော်​ဖို့အ​ရေးဆို​တော့လဲ လွှတ်​​ပေးလိုက်​ရှာသည်​..။

တစ်​ကယ်​လို့omma သာ...
Byun Baek Hyunဦး​လေးကြီးဖုန်းထဲက​နေ​ပြောလာခဲ့သည့်​စကား​တွေကိုသာသိခဲ့မယ်​ဆိုရင်​...။
သေချာတယ်​..ညီမ​လေး​ရော omma ​ရော ChanYeolကိုသွားလို့မရ​အောင်ဆွဲထားကြလိမ့်​မည်​ထင်​သည်​..။

/ ChanYeol..ငါ​ပြောတာ​သေချာ​နား​ထောင်​..
မ​နေ့ညတုန်းကငါ​ပြောခဲ့တဲ့ ငါ့မှာ အမျိုးသမီးနဲ့က​လေးရှိတယ်​ဆိုတာ ငါညာတာ...Mi Jung က ငါအထက်​တန်းတုန်းကjunior .ငါသူ့ကိုအကူအညီ​တောင်းပြီးမင်းကိုဝိုင်းညာခဲ့တာ..
အေး..ဘာလို့လုပ်​လဲဆို​တော့ မင်းအ​မေကို မုန်းလို့..
ငါငယ်​ငယ်​တုန်းက မင်းအ​မေကငါ့ကိုအဲ့ပုံစံအတိုင်းတစ်​​သွေမတိမ်းလုပ်​ခဲ့လို့..
ပြီး​တော့ ငါမုန်းတဲ့မိန်းမရဲ့ရင်​​သွေးနဲ့မှ ဖူးစာဆုံ​စေခဲ့တဲ့​လောကကြီးကိုပါမုန်းလို့...
တစ်​ခါ​လောက်​လက်​စား​ချေပစ်​လိုက်​တာ..
အဲ့တာကို...မင်းက အခုလိုမျိုးကြီးသတ်​​သေပြလိုက်​​တော့..
ငါတုန်​လှုပ်​​နေတာရူးမတတ်​ပဲ..
ငါထင်​ထားတာက မင်းခံစားရ​ပေမယ့်​လဲ ငါ့တုန်းကလိုအ​ဝေးကိုထွက်​သွားတာ​လောက်​ပဲ လုပ်​မယ်​ထင်​​နေတာ​လေ..
အခု..မင်းက..!

Revenge(Completed)Where stories live. Discover now