10..

4.1K 617 19
                                    

Zawgyi

နေ့လည်​စာထမင်းစားချိန်​မို့ ​ဆေးရုံကန်​တင်းထဲမှာ ထမင်းစား​သောက်​သူ ထမင်းဝယ်​သူ​တွေနဲ့ပြည့်​နှက်​​နေသည်​..။

ChanYeolတို့သူငယ်​ချင်းအုပ်​စုက​တော့ လူမကျခင်​ကတည်းက ဆိုင်​ထဲ ​ရောက်​​နေတာ​ကြောင့်​ ထိုင်​ခုံလဲ ရပြီးသလို ဟင်းပွဲထမင်းပွဲ​တွေလဲရနှင့်​ပြီးဖြစ်​​တာ​ကြောင့်​​အေး​အေးလူလူစား​သောက်​​နေပြီဖြစ်​သည်​..။

ChanYeolက​တော့omma ထည့်​​ပေးလိုက်​တဲ့ထမင်းဘူး​လေးကိုသာဖွင့်​စား​နေသည်​..။

ဒါ​ပေမယ့်​စားတာစား​နေရတာ စိတ်​က ထမင်းစားတဲ့ဆီမှာ မရှိ ...
ထမင်းကို​ဇွန်းနဲ့ဟိုထိုးဒီထိုးလုပ်​ပြီး သူများ​တွေစကား​ပြော​နေတာကိုလဲ ၀င်​မ​ပြော​တွေ​ဝေ​ငေးငိုင်​လို့​နေသည်​..။

အ​ကြောင်းအရင်းက​တော့ ​ပြေးကြည့်​​​နေစရာမလို တစ်​ခုတည်းရှိသည်​..။

ဘာလို့လဲဆို​တော့ မနက်​က ခဏတစ်​ဖြုတ်​သာ​တွေ့လိုက်​ရသည့်​ ​ဆေးရုံအုပ်​ ​ခေါ် ChanYeolရဲ့Byun Baek Hyun အ​ကြောင်း​တွေသာ ​ခေါင်းထဲစိုးမိုး​နေလို​ဖြစ်​သည်​..။.
တစ်​ကယ်​ဆိုအခု​လောက်​ဆို ​ဆေးရုံအုပ်​အခန်းထဲမှာ သူတို့အုပ်​စု တစ်​​ယောက်​ချင်းစီမိတ်​ဆက်​ပြီး​လောက်​​ပေမယ့်
မနက်​က လူနာ​တွေလိုက်​ကြည့်​​နေတုန်းမှာ
ဓားထိုးခံရသည့်​ လူနာတစ်​​ယောက်​အ​ရေး​ပေါ်အ​ခြေအ​နေနဲ့​ရောက်​လာတာမို့ သူကoperation ခန်းဝင်​သွားရတာ​ကြောင့်​အခုထိ မျက်​နှာ​လေးကိုထပ်​မမြင်​ရ​သေး​ပေ..။

အဲ့တာနဲ့ထပ်​တူ ChanYeolစိတ်​ထဲမှာ တစ်​ခုခုကို သိချင်​စိတ်​​တွေပြင်းပြလို့​နေသည်​..။

အဲ့တာ သိရမှသာ ChanYeolရဲ့ခံစားချက်​​တွေကဆက်​လက်​ရှင်​သန်​နိုင်​မှာကိုး..။

အဲ့တာမသိရ​သေးသ​ရွေ့​တော့​နေမသိထိုင်​မသာ မီးခဲဖင်​ခုထိုင်​ထားရသလိုလူလဲ လငပုပ်​ဖမ်း​နေပြီဖြစ်​သည်​..။

သိချင်​တာချက်​ချင်းသွား​မေးရ​အောင်​လဲ အခုမှ​ဆေးရုံကို​ရောက်​တာ ပထမဆုံး​နေ့ဆို​တော့ကာ..။

Revenge(Completed)Where stories live. Discover now