Zawgyi
"မနက်ဖြန် ဆို ဆေးရုံဆင်းလို့ရပြီ..."
"ဟာ...! ဆရာ ..
အဲ့လောက်မြန်လား...?
ဦးလေးကြီးသတိပြန်ရတာ တစ်ပတ်ပဲ ရှိသေးတာကိုလေ...""အင်း..သူ့အခြေအနေက အကုန်ကောင်းနေပြီပဲကို...
တစ်နေ့တစ်နေ့ဆေးရုံမှာပဲနေနေရတာ ပျင်းခြောက်နေပြီလို့နားလာလာငြီးနေတာ တကယ်မခံနိုင်တော့ဘူး..
အဲ့တာကြောင့်မို့ ဆင်းတော့..."Baek Hyun သတိပြန်ရပြီး တစ်ပတ်တိတိပြည့်သည့်နေ့တွင်..
မနက်ပိုင်းကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပြီးတဲ့နောက်မှာ
နက်ဖြန်ကျ ရင်ဆေးရုံဆင်းလို့ရပြီလို့ ခွင့်ပေးလိုက်သည့်
သူ့ဆရာကြောင့် သူ့ဆရာနဲ့ တူတူ လိုက်လာသည့် Chan Yeol တစ်ယောက်ချက်ချင်းဆိုသလို မျက်နှာလေးညှိုးကျသွားသည်...။ဆယ်နှစ်လုံးမျောနေခဲ့တဲ့လူကိုဒီလောက်မြန်မြန်ဆေးရုံဆင်းခွင့်မပေးသင့်လို့ စောဒကတက်နေပါသော်လည်း...
ဆေးရုံမှာ ချည်း နေနေရတာ တော်တော်လေးပျင်းနေပြီဖြစ်တဲ့BaekHyun ရယ်...
ပျင်းတိုင်းသူငယ်ချင်းကို နားပူနားဆာသွားလုပ်လွန်းလို့ နားကြားပြင်းကပ်နေပြီဖြစ်သည့် သူငယ်ချင်းရယ်က
ChanYeolဘာတွေ ဘယ်လောက်ပြောနေပါစေ
ဘေးကnurse မလေးကို ဆေးရုံဆင်းဖို့ အကုန်သွားပြင်ဆင်ခိုင်းလိုက်ကြပြီဖြစ်သည်...။VIP ခန်းဆိုပေမယ့် လို့ ကိုယ့်အိမ်လောက် ပျော်ဖို့မကောင်းတာမို့ ဆေးနံ့တွေလွှမ်းခြုံနေသည့်ဒီအငွေ့အသက်ထဲကနေ လူနာအဖြစ်ကအမြန်ဆုံးရုန်းထွက်ချင်သည်မှာ BaekHyun အတွက် လတ်တလော ပန်းတိုင်ဖြစ်နေတာမို့...
ဆေးရုံဆင်းသွားရင်
BaekHyun အနားနားလေး အမြဲကပ်နေခွင့်မရှိတော့မှာမို့ မျက်နှာ လငပုပ်ဖမ်းနေသည့်ChanYeolကိုသနားပေမယ့်..
တစ်ကယ်တော့မသနားပါဘူးလေ...။
အစီအစဉ်တွေကို အမြန်အကောင်အထည်ဖော်နိုင်တော့မှာမို့ ပျော်တောင်ပျော်နေသေးတာ...။
ESTÁS LEYENDO
Revenge(Completed)
FanficHis mother was my crush in the past, but her son gave his heart to me,how luckily I am!!