15...

3.1K 540 30
                                    

Zawgyi

"ChanYeolကလဲ ..ဒီ​နေ့လာစရာမလိုတာကို
အလကား သက်​သက်​ပင်​ပန်းဦးမယ်​.."

"ဦး​လေးကြီးကလဲ .. ​တွေ့ချင်​လို့လာတာကို ငြိုငြင်​တာလား..? ဘာလဲ  မလာရဘူးလား..?"

"အပိုက​မေးပြန်​ပြီ..ငါကမလာနဲ့ဆိုတိုင်း မင်းကမလာ​တော့ဘူးတဲ့လား.."

ဒါက​တော့ တနင်္ဂ​နွေ​နေ့ရဲ့ည​နေပိုင်း​လေးတစ်​ခု..။

သူတို့​ဆေး​ကျောင်းသား​တွေ​ဆေးရုံလာစရာမလိုတဲ့​နေ့မှာ Baek Hyun မျက်​နှာကိုတစ်ေ​​နကုန်
မ​တွေ့ရ​သေးလို့ဆိုတဲ့အ​ကြောင်းပြချက်​​တွေနဲ့ Chan Yeol တစ်​​ယောက်​ ​ကော်​ဖီတစ်​ဘူးကိုင်​ပြီးရုံးခန်းထဲ​ရောက်​ချလာသည်​..။

အမှန်​ဆိုဒီ​နေ့Baek Hyun နားမယ်​လုပ်​ထား​ပေမယ့်
နေ့လည်​က operation case တစ်​ခု ၀င်​လာတယ်​ဆိုပြီးဖုန်းဆက်​​ခေါ်တာမို့​ဆေးရုံကို အ​ပြေးလာရခြင်းဖြစ်​သည်​..။

မ​နေ့ညက ကလပ်​သွားထားတာမို့ဒီ​နေ့​တော့​တ​နေကုန်​အိပ်​ပစ်​လိုက်​မယ်​ဆိုတဲ့အကြံအစည်​​တွေလဲမ​အောင်​မြင်​..။

အိပ်​ရာကမထချင်​ပဲ ထလာရတာမို့​ခေါင်းက​နောက်​ကျိ​နေသည်​..။

ပြီး​တော့အရက်​အများကြီး​သောက်​ထားတာမို့ အရက်​နာကျတယ်​လို့ပဲ ​ခေါ်မလားမသိ..။
နည်းနည်းအဆင်​မ​ပြေဖြစ်​​နေသည်​..။

ဒါ​ပေမယ့်​အလိုက်​သိတတ်​လွန်းတဲ့​ကောင်​​လေးက
သူ့မျက်​နှာ​လေးလာပြသည့်​အပြင်​ ​ကော်​ဖီဘူး​လေး​ရော
ပြီး​တော့ အ​မူး​ပြေဟင်းရည်​​လေးပါဝယ်​လာ​ပေးတာ​ကြောင့်
ရှူးရှူးရှဲရှဲပူပူစပ်​စပ်​ဟင်းရည်​​​လေး​သောက်​ပြီး
Bae Hyun အခု​တော့​ခေါင်းကြည်​သွား​လေပြီ..။

တစ်​ကယ်​..ဒီ​ကောင်​​လေး လုံးဝကိုအလိုက်​သိတတ်​လွန်းတာ..။

"ChanYeolပါ ​ရောက်​​နေတာလား..?"

"ဟုတ်​ကဲ့..ဆရာ.."

"​အေး​အေး..ခဏ​နေရင်​ ငါတို့သူငယ်​ချင်းတစ်​​ယောက်​ထပ်​​ရောက်​လာမှာမို့ မင်းပြန်​ရင်​ပြန်​လိုက်​​တော့​လေ..
ငါတို့​တွေစကား​ပြောစရာရှိလို့.."

Revenge(Completed)Where stories live. Discover now