5...

4.7K 588 33
                                    

Zawgyi

ရာသီဥတုအ​ခြေအ​နေသာယာ​နေတိုင်း ကိုယ့်​မှာ ကြုံ​တွေ့​နေရတဲ့ကိစ္စ​တွေကသာယာလိမ့်​မယ်​လို့်​မထင်​ကြပါနဲ့..။

ကြည့်​​လေ..ဒီ​နေ့​နေ့လည်​ခင်းက ​နေနည်းနည်းပူ​နေ​ပေမယ့်​ အားလုံးသာသာယာယာစိုစိုပြည်​ပြည်​နဲ့ စာသင်​လို့​ကောင်းသည့်​ရာသီဥတုမျိုး..။
ကောင်းကင်​ကြီးမှာလဲ အဖြူ​ရောင်​မိုးသားတိမ်​လိပ်​​တွေက ​လေနဲ့အတူ ဟိုတစ်​စဒီတစ်​စ လွင့်​​မြော​နေကြတာ ပန်းချီကားတစ်​ချပ်​လို လှပ​နေသည်​..။

ပတ်​၀န်းကျင်​အ​နေအထားက ​အားလုံးသူ့ဟာနဲ့သူအဆင်​​ပြေ​ပြေရှိ​နေသည်​..။

ဒါ​ပေမယ့်​ Baek Hyun က​တော့အဆင်​မ​ပြေ..။

ဖုန်းနံပါတ်​တစ်​ခုကိုအသည်းအသန်​နှိပ်​ပြီး ဖုန်းဝင်​သံတစ်​တူတူကို​စောင့်​​နေရတာကိုပင်​ ကမ္ဘာကြီးတစ်​ခု​လောက်​ကြာ​နေသည်​..။

ပထမတစ်​​ခေါက်​ဖုန်းဝင်​သံသာ ဆုံးသွားသည်​..။
ဖြေကြားမည့်​သူမရှိ​သောဖုန်း​ကြောင့်​ Baek Hyun အံကို​တောင်တင်းတင်းကြိတ်​ထားမိတဲ့အထိ..။

ဒေါသ​တွေထွက်​လာပြီ..။

စိတ်​ပျက်​တဲ့ခံစားချက်​​တွေ သစ္စာ​ဖောက်​ခံလိုက်​ရတယ်​ဆိုတဲ့ခံစားချက်​​တွေနဲ့ရူး​သေမလိုဖြစ်​​နေတာမို့ ဒုတိယတစ်​​ခေါက်​​ခေါ်လို်​က်​တဲ့အချိန်​မှာ​တောင်​ဖုန်းကိုင်​ထားတဲ့လက်​​တွေက တုန်​ယင်​​နေသည်​..။

တစ်​စုံတစ်​ရာ​သော​ဖြေရှင်းချက်​​တွေကိုကြားရမှကိုဖြစ်​မည်​..။

" LiLi..ကျွန်​​တော့်​ကို ​ပြောစရာမရှိဘူးလား..!?"

"အဲ့တာဆို သတင်း​တွေကတကယ်​​ပေါ့...?
ဟက်​..ဘာကဘယ်​လိုဖြစ်​သွားတာလဲ..?"

အမျိုးသမီးတစ်​​ယောက်​ကို ​လေသံမာမာနဲ့ရင့်​ရင့်​သီးသီး​တွေ​ပြောရဖို့တစ်​ခါမှမထင်​ထားခဲ့မိ​ပေမယ့်​ တစ်​ကယ့်​တစ်​ကယ်​​ပြောရ​တော့လဲ ကိုယ်​​သေမတတ်​သ​ဘောကျရသည့်​အမျိုးသမီးကိုမှ ​ပြောရသည့်​ဘ၀..။

ဒီသုံးနှစ်​​ကျော်​ကာလအတွင်းမှာ သူကိုယ့်​ကိုဆက်​ဆံခဲ့တာ​တွေက အလိမ်​ဇယား​တွေလား တကယ့်​တကယ်​စိတ်​ရင်းမှန်​လားလို့​သွေးရူး​သွေးတန်း​မေးလိုက်​မိ​တော့
မိန်းမ​တွေ​ပြော​နေကျ အ​ပေါစားစကားတစ်​ခွန်းသာ ပြန်​လည်​ရရှိခဲ့သည်​..။

Revenge(Completed)Where stories live. Discover now