Zawgyi
မနက်ခင်းအခါသမယက နေရောင်ခြည်နွေးနွေးလေးရယ်...
ကျေးငှက်သာရကာလေးတွေအသံတို့နဲ့ သာယာလို့နေသည်...။
မနက်ရုံးတက်ချိန်နီးပြီမို့ ဆိုးလ်မြို့ရဲ့လမ်းမတွေပေါ်မှာ ရုံးသွားနေကြသည့်လူတွေနှင့်ထုံးစံအတိုင်းသက်ဝင်လှုပ်ရှားစည်ကားလျက်ရှိနေသည်...။
ပုံမှန်ဒီချိန်ဆိုဆေးရုံသွားဖို့အတွက်Baek အိမ်ကိုဝင်ကြိုနေကျမို့ ChanYeolအတွက် အချစ်မျက်နှာလေးကြည့်ရင်းမနက်ခင်းအားဖြည့်ချိန် ဖြစ်ခဲ့ပေမယ့်လို့ ဒီနေ့တော့ပုံမှန်နဲ့မတူ Chan Yeolရဲ့မနက်ခင်းက အပူတွေနဲ့တောက်လောင်နေခဲ့သည်...။
မနက်တိုင်းမြင်နေကျ သူအိမ်ထဲကနေထွက်လာတဲ့မြင်ကွင်းလေးကို မမြင်ရသည့်အပြင် သူမရှိသည့် သူ့အိမ်က Chan Yeolကို အကျည်းတန်စွာနှင့်ကြိုဆိုနေသည်..။
"ညတုန်းက၁၁ နာရီလောက်က ဆေးရုံမှာ အရေးကြီးကိစ္စတွေရှိလို့ ရက်နည်းနည်းလောက်ကြာအောင်အဲ့မှာပဲနေရမယ်ဆိုပြီးအကျီင်္ထုပ်ယူပြီးထွက်သွားတာပဲ Chan Yeol လေးရဲ့..
Wae..?
မင်းကိုဘာမှ မပြောဘူးလား..?""အာ...!
ရုတ်တရက် လူနာကြည့်ရမှာတွေပေါ်လာလို့ထင်တယ်..
ကျွန်တော့်ကိုတော့ဘာမှ မပြောသွားဘူး..."မနက်၇ နာရီခွဲ ကအရမ်းစောတာသိပေမယ့်လို့..
Byun အိမ်ထဲ ၀င်ပြီးချစ်သူ ပျောက်ရှာပုံတော်ဖွင့်ရာတွင်
ရက်စက်စွာပင် ချစ်သူက ရှိမနေခဲ့..။ညတုန်းက သူ့နောက်မလိုက်လာနဲ့ဆိုလို့စကားနားမထောင်ပဲ လိုက်သွားခဲ့ရင်
တစ်ခုခုစိတ်လိုက်မာန်ပါလုပ်မိမှာစိုးတာမို့ သူ့သဘောကျ အနောက်ကလိုက်မသွားမိခဲ့...။အဲ့ကတည်းက ဆက်သွယ်လို့မရပါဆိုပြီးတောက်လျှောက်အော်နေခဲ့တဲ့ဖုန်းကအခုထိ ဆက်သွယ်လို့မရတော့..
သူ့အိမ်ထဲ ၀င်ပြီးအခြေအနေကိုစူးစမ်းကြည့်ရာတွင် Byun omma ဆီက အဖြေစကားကြောင့်Chan Yeol ရင်တွေပူရပြန်သည်...။
YOU ARE READING
Revenge(Completed)
FanfictionHis mother was my crush in the past, but her son gave his heart to me,how luckily I am!!