3...

4.5K 508 23
                                    


Zawgyi

"အဲ့​တော့ ​ပြောချင်​တာက..LiLi က..oppaဖုန်းဆက်​တာကို ကိုင်​တယ်​​ပေါ့..? အဲ့လို..? ဟုတ်​လား..!?
Wowww...dabaek..! Jinja dabaek ​နော်​..!
ညီမဆက်​တာ နှစ်​နဲ့ချီပြီ Jung Hwa က ချချပစ်​တာ
အရင်​တ​ခါ live လွှင့်​တုန်းက​တောင်​ saseng ​တွေကခဏခဏဖုန်းဆက်​ကြလ်ို့ စိတ်​အ​နှောင့်​အယှက်​ဖြစ်​ရတယ်​လို့​ပြောသွားတာ လူက ​နေရင်းထိုင်​ရင်း saseng ​တောင်​ ​ကောက်​ဖြစ်​သွား​သေးတယ်​..
oppaကျ​တော့..ပထမဆုံးတ​ခေါက်​ကတည်းကိုက..
Wowww..! ကံ​ကောင်းလိုက်​တာ..!"

"အင်း ..သူ​ပြောတာ​တော့ အပြင်​မှာ​တွေ့ဖူးတဲ့လူမို့လို့ပါတဲ့
ပထမတခါဆက်​တုန်းက ဘယ်​သူမှန်းမသိလို့ မကိုင်​တာတဲ့.."

"ဘာပဲဖြစ်​ဖြစ်​ oppaက တကယ့်​ကံထူးရှင်​ပဲ အဲ့တာသိလား..ကိုယ့်​idolဆီကဒီ​လောက်​အသိအမှတ်​အပြုခံရရင်​ပဲ ​သေ​ပျော်​ပြီသိရဲ့လား..!"

ပြီးခဲ့သည့်​ မိနစ်​ပိုင်း​လောက်​တုန်းက LiLiနဲ့ ဘယ်​လိုမှ မထင်​မှတ်​ထားစွာပင်​ ဖုန်းအဆက်​အသွယ်​ရရှိခဲ့ပြီးသည့်​​နောက်​ ဖုန်းနံပါတ်​ရှာ​ပေးခဲ့သည့်​ ညီမ၀မ်းကွဲဆီကို ချက်​ချင်းဖုန်းဆက်​ပြီး လူတစ်​​ထောင်​မှာ တစ်​​ယောက်​မရနိုင်​သည့်​ကံ​ကောင်းမှု ကိုရရှိခဲ့ပြီးဖြစ်​​ကြောင်း လှမ်း​ပြောရာတွင်​ Byul ဆိုသည့်က​လေးမသည်​ ညဆယ်​နာရီ ထိုးခါနီးလဲ ဂရုမစိုက်​..။

မြို့နယ်​ချင်းခြား​နေတာကို​တောင်​မှ ဇီဝ​ဗေဒစာနည်းနည်း​မေးစရာရှိလို့ပါဆိုသည့်​အ​ကြောင်းပြချက်​နဲ့ Baek Hyun အိမ်​ကိုချက်​ချင်း​ရောက်​ချလာသည်​..။

Mask ကပ်​​နေရင်းတန်းလန်းက​နေထလာရလို့ ဆိုပြီး မျက်​နှာမှာ skin careအရည်​ တန်းလန်းတန်းလန်းနဲ့
ရောက်​ချလာသည့်​ Byul..။

Baek Hyun အခန်းထဲကမ္ဘာကြီးပြိုသလိုဝုန်းဒိုင်းဝင်​ချလာပြီး ​ရောက်​ကတည်းက ​မေးလိုက်​သည့်​အ​မေး
Baek Hyun မှာစီကာပတ်​ကုံးအစအဆုံး​ပြောပြပြီးတာ​တောင်​မှ သူ့မှာ နား​ထောင်​လို့မဝ
အစကတစ်​​ခေါက်​ပြန်​​မေး​နေပြန်​သည်​..။

"အဲ့​တော့ oppa ကသူ့ကို ဘာ​တွေ​ပြောလိုက်​လဲ.."

"အဲ့​နေ့​တွေ့ပြီး​နောက်​ပိုင်း LiLiရဲ့fan ဖြစ်​သွားတာမို့ LiLiနဲ့ခင်​ချင်​လို့အရဲစွန့်​ပြီးဖုန့်းဆက်​ကြည့်​တာပါလို့
ဖုန်းကိုင်​​ပေးလို့​ကျေးဇူးတင်​ပါတယ်​လို့.."

Revenge(Completed)Where stories live. Discover now