35..

2.2K 406 12
                                    

Zawgyi

မနက်​ခင်းအတွက်​ သတင်း​ကောင်းတစ်​ပုဒ်​အဖြစ်
ဒီက​နေ့မှာ​တော့ သူဆယ်​နှစ်​​ကျော်​ကြာလှဲ​လျောင်းအိပ်​စက်​ခဲ့တဲ့ ​ဆေးရုံမှာပဲ အလုပ်​ပြန်​၀င်​လာတဲ့ဦး​လေးကြီး..
ChanYeol အ​ခေါ်​တော့ Chan Yeol ရဲ့အချစ်
ခွဲစိတ်​ဆရာဝန်​ကြီးByun Baek Hyun ကို
ဆေးရုံအုပ်​က တခြားဆရာဝန်​​တွေနဲ့ မိတ်​ဆက်​​ပေးခြင်း အခမ်းအနားပင်​...။

သူcoma ဆယ်​နှစ်​၀င်​ခဲ့တာကို ဒီကလူ​တွေအားလုံးသိကြတာမို့
ဆေးရုံဆင်းပြီး တစ်​လခန့်​အကြာတွင်​ လုံးဝလူ​ကောင်းအဖြစ်​ အလုပ်​၀င်​လာနိုင်​တဲ့အတွက်​ ၀မ်းသာပါ​ကြောင်း..
ဆရာဝန်​​တွေရဲ့​ပြောဆိုသံနဲ့အတူ ကြိုဆိုသံ​တွေက တကယ့်​ကို ​သောင်း​သောင်းဖြဖြပင်​..။

လူမမာနာလန်​ထခါစမို့ မိသားစုက​ရော..
သူငယ်​ချင်း​တွေ​ရော..ChanYeolကပါ အိမ်​မှာပဲ နားနား​နေ​နေအချိန်​အများကြီးထပ်​​နေဖို့တိုက်​တွန်းခဲ့ကြ​ပေမယ့်​လို့ တစ်​လအနားယူပြီး​နောက်​ပိုင်းမှာ..
အိမ်​မှာပဲ​နေရတာ ပျင်းလာပြီဖြစ်​တဲ့အ​ကြောင်း..
ခွဲစိတ်​ဓား​လေးကို လွမ်းလွန်းလှပြီကတစ်​ဖုံနဲ့..
အလုပ်​လုပ်​ဖို့​တောင်းဆိုလွန်းမက ​တောင်းဆိုလွန်း​နေ
တဲ့ဆရာဝန်​ကြီးကို အားလုံးက လိုက်​​လျော​ပေးခဲ့ရသည်​..။

အခုဆိုသူ​လုပ်​ချင်​တာ လုပ်​ရ​တော့မှာမို့​ပျော်​​နေတဲ့အချစ်​ကို ဒီမနက်​ခင်းမှာ တက်​တက်​ကြွကြွနဲ့မြင်​​နေရပြီဖြစ်​သည်​..။

"အဲ့တာဆို Dr.Byun ကို ​စောင့်​​ရှောက်​ကြပါဦး..
အပ်​ပါတယ်​​နော်​.."

"ဟုတ်​ကဲ့ ​ဆေးရုံအုပ်​.."

"ကျွန်​​တော့်​ကို လိုအပ်​တာရှိရင်​လဲ သင်​​ပေးပါ.."

ဟိုးအရင်​ကတည်းက အလုပ်​ကို စိတ်​နှစ်​ပြီး လုပ်​​လေ့ရှိသည်​လို့သိထားရတာ​ကြောင့်
အခုဆိုရင်​ ​အလုပ်​၀င်​ရမှာ​တော့မှာမို့ ​တော်​​တော့်​ကို​ပျော်​​နေတဲ့သူ့ပုံစံ​လေးက သိသာလွန်း​နေသည်​..။

ChanYeolရဲ့ဆရာ​တွေ..
အကြီးပိုင်းဆရာဝန်​​တွေနဲ့လက်​ဆွဲနှုတ်​ဆက်​ပြီး သူ့ကိုလက်​တွဲ​ခေါ်ဖို့​ပြော​နေတဲ့ပုံ​လေးက တကယ့်​ကိုတက်​ကြွ​နေသည်​..။

Revenge(Completed)حيث تعيش القصص. اكتشف الآن