6..

4.2K 527 15
                                    

Zawgyi

Byun အိမ်​ရဲ့ မီးဖို​ဆောင်​ထဲက ထွက်​လာသည့်​ ​မွှေးကြိုင်​လှသည့်​ ဟင်းအနံ့​တွေက အနံ့စုပ်​စက်​တပ်​ထားတာ​တောင်​မှ တစ်​အိမ်​လုံးမှာလှိုင်​ထ​နေသည်​. ..။

တော်​​သေးတာက အိမ်​မှာ လူစုံမရှိပဲ Byun omma ရယ်​..​သားကြီးရဲ့မိန်းမဖြစ်​သူ ​ချွေးမရယ်​သာ ရှိတာမို့ အနံ့​တွေလှိုင်​ထွက်​​နေလဲ ကိစ္စမရှိ..။

Byun omma အတွက်​ အခုချိန်​အ​ရေးကြီးဆုံးက သူ့သားငယ်​​လေး ဆယ်​နှစ်​တာအတွင်း ကိုရီးယား​မြေကို​ခြေပြန်​ချသည့်​ပထမဆုံးရက်​မှာ သူ့လက်​ရာဟင်း​ကောင်း​ကောင်း​တွေကိုအရသာ ရှိရှိ စား​နိုင်​​စေဖို့ကသူ့ရည်​ရွယ်​ချက်​..။

နေ့လည်​နှစ်​နာရီ​လောက်​ကတည်းက ​ချွေးမဖြစ်​သူနဲ့နှစ်​​ယောက်​သားမီးဖို​ချောင်​ထဲမှာ မ​မောနိုင်​မပန်းနိုင်​ချက်​ပြုတ်​ခဲ့တာက အခု​တော့ ​ကောင်း​ကောင်း​လေးအရာထင်​ခဲ့ပြီ..။

ထမင်းစားပွဲ​ပေါ်မှာသားငယ်​ကြိုက်​တတ်​တဲ့ ဟင်းပွဲအစုံအလင်​ ကင်​ချီကအစ အမဲသားကင်​အဆုံးအားလုံးဖွယ်​ဖွယ်​ရာရာ ​ရောက်​နှင့်​​နေပြီ..။

ည၈နာရီမှ ​လေယာဉ်​ဆိုက်​မှာ ဆို​တော့ကာ ထမင်းပွဲပြင်​ပြီး​နောက်​တစ်​နာရီ​လောက်​အထိ အချိန်​ရ​သေးတာမို့သားငယ်​ကို လှလှပပ ကြိုဆိုနိုင်​ရန်​​ရေချိုးဖို့ ပြင်​လိုက်​သည်​..။

သွားကြိုတဲ့အလုပ်​က Byun appa ရယ်​ သားကြီးနဲ့​မြေးနှစ်​​ယောက်​တာဝန်​..
သားငယ်​ ​လေးကိုအစားအ​သောက်​နဲ့ကြိုဆိုမှာက ommaရယ်​သူ့မရီးရယ်​ရဲ့ တာဝန်​..။
Baek Hyun ရဲ့အိမ်​ပြန်​ခရီးစဉ်​ကိုကြိုဆိုဖို့ရာအတွက်
Byunမိသားစုတစ်​သိုက်​ဤသို့ဤပုံစည်​ကားသိုက်​မြိုက်​စွာ
ကိုယ့်​​ထောင့်​နဲ့ကိုယ်​ လှုပ်​ရှား​နေကြသည်​မှာ မိသားစုဝင်​​တွေကြားထဲက​နွေး​ထွေးမှု​လေးကိုမြင်​​နေရသည်​..။

မိသားစုကိုခွဲခွာပြီး ဆယ်​နှစ်​ကြာမှ ပြန်​​ရောက်​လာသည့်​Baek Hyun အတွက်​​တော့သူ့မိသားစု၏ ကြိုဆိုမှုက​တော်​​တော်​​လေးကိုအဖိုးထိုက်​တန်​​နေ​တော့မည်​မှာ မလွဲ..။

Revenge(Completed)Where stories live. Discover now