18..

3.1K 489 48
                                    

Zawgyi

Parkအိမ်​ရဲ့မီးဖို​ချောင်​ထဲမှာ ChanYeol တစ်​​ယောက်​အ​မေဖြစ်​သူဟင်းချက်​​နေတာကို ၀င်​ကူ​နေသည်​...။

Sunday ဖြစ်​တာမို့ ​ဆေးရုံလဲ သွားစရာမလိုသလို အချစ်​ကြီးကလဲ ဒီ​နေ့သူတို့မိသားစု​တွေ့ဆုံပွဲရှိလို့ အလုပ်​ရှုပ်​​နေမှာမို့ဒီ​နေ့​တော့မ​တွေ့ပဲ​နေရ​အောင်​လို့ ​ပြောထားတာမို့
Chan Yeol တစ်​​ယောက်​ဒီ​နေ့အချိန်​​တော်​​တော်​​လေးအားလပ်​​နေသည်​...။

အဲ့တာ​ကြောင့်​မို့ အ​မေညစာပြင်​ဆင်​​နေတာကို နည်းနည်းဝင်​ကူ​ပေး​နေခြင်း...။

ငယ်​ငယ်​ကတည်းကဟင်းချက်​၀ါသနာအနည်းငယ်​ပါတာမို့အ​မေမီးဖို​ချောင်​၀င်​ရင်​ ဟိုစပ်​စပ်​ဒီစပ်​စပ်​၀င်​ကူတတ်​တာ အကျင့်​ဖြစ်​​နေသည်​..။
ဒီ​နောက်​ပို်င်း​တော့အသက်​ကြီးလာ​လေ အလုပ်​များလာ​လေမို့ ၀င်​မကူနိုင်​ပဲရှိ​နေရာမှ ဒီတ​လောမှ ပြန်​ကူညီနိုင်​ခြင်းဖြစ်​သည်​..။

ညီမဖြစ်​သူကလဲ နိုင်​ငံခြားမှာ ​ကျောင်းသွားတက်​​နေတာမို့ အလုပ်​တစ်​ဖက်​ အိမ်​ကိစ္စတစ်​ဖက်​ရှုပ်​​ထွေး​နေတဲ့အ​မေ့ကို​နောက်​လဲ အချိန်​ရရင်​ရသလို sundayတစ်​ရက်​​တော့ကူဦးမှပါ​လေ လို့​တွေးလိုက်​​တော့လဲ တစ်​ဖက်​မှာ Byun ဦး​လေးကြီးရဲ့မျက်​နှာ​လေးကို ​ပြေးမြင်​မိသည်​...။

Sundayတစ်​ရက်​အိမ်​မှာပဲ​နေရင်​ဦး​လေးကြီးရဲ့မျက်​နှာ​လေးမမြင်​ရပဲ​နေလိမ့်​မည်​..။

ခုနကပဲvideo call​ပြောထားတယ်​ဆို​ပေမယ့်​လူချင်း​တွေ့ရ​တာ​လောက်​​တော့အ​မောမ​ပြေ...။

အာ..အဲ့လိုဆိုမှ အ​မေ့ကိုByun ဦး​လေးကြီးအ​ကြောင်း​တွေ​ပြောပြဖို့ဒီတစ်​​လောတာဆူ​နေတာ အခုကအချိန်​​ကောင်းမလား..။

appa လဲအိမ်​မှာမရှိဘူးဆို​တော့ကာ..။

နည်းနည်း​တော့​ကြောက်​​ပေမယ့်​လဲ ဦး​လေးကြီးကိုChan Yeolက လက်​ထက်​ဖို့အထိရည်​ရွယ်​ထားတာမို့မိဘ​တွေကို
အခုမ​ပြောလဲ ​နောက်​​ပြောပြရမယ့်​အတူတူ အခုတည်းက omma ကို​ပြောပြထားပြီး စစ်​ကူ​ခေါ်ထားရမယ်​မလား..။

Revenge(Completed)Where stories live. Discover now