16 [ Short Part but Special ]

3.4K 548 48
                                    

Zawgyi

နေ့လည်​၂ နာရီ​ကျော်​​ကျော်​​လေး..။

missed call ​တွေ ငါး​ကောမက၀င်​​နေတာ​တွေ့​ပေမယ့်​ BaekHyun ခပ်​ပြုံးပြုံးပဲလုပ်​ပြီး ဖူန်းကို​ဘေးချထားလိုက်​သည်​..။

မ​နေ့ညက ထုံးစံအတိုင်း အိမ်​​ရှေ့ထိလိုက်​ပို့​ပေးခဲ့ပြီး သူအိမ်​ပြန်​​ရောက်​​တော့လဲ အိပ်​ခါနီးအထိvideo call ​ပြောပြီးမှသာ အိပ်​ရာဝင်​သွားသည့်​ Chan Yeol..။

နေ့စဉ်​မပျက်​ မနက်​က​နေညအထိ Baek Hyun အနားမှာ တာဝန်​မပျက်​ရှိခဲ့သည်​...။

အဲ့လိုတာဝန်​မပျက်​ရှိ​နေတာကိုသ​ဘောကျ​ပေမယ့်
ဒီတိုင်းဇာတ်​​မျောကြီးဖြစ်​​နေတာ​တော့ Baek Hyun ဘယ်​လိုမှ သ​ဘောမကျ​တော့တာမို့ ချစ်​စကားတစ်​ခွန်းထုတ်​​ပြောလာမယ့်​အ​ရေး အကြံ​တွေထူတ်​ထားတာကို
ဒီက​နေ့ပဲအ​ကောင်​အထည်​​ဖော်​လိုက်​ပြီဖြစ်​သည်​..။

ပုံမှန်​ဆိုမနက်​၈ နာရီခွဲတာနဲ့​ဆေးရုံမှာ round လှည့်​​နေကျလူက အခု ​နေ့လည်​၂ နာရီအထိ စာမလာသတင်းမကြား​ဖုန်းလဲမကိုင်​​ပျောက်​ချက်​သား​ကောင်း​နေ​တော့
ကောင်​​လေးဘယ်​​လောက်​စိတ်​ပူ​နေမလဲ​တွေးမိ​ပေမယ့်​ မတတ်​နိုင်​..။

BaelHyun ဒီ​နေ့​တော့နည်းနည်း ရက်​စက်​လိုက်​မည်​..။

ဆေးရုံက သူ့ဆရာကို ChanYeolလာ​မေးရင်​ဒီ​နေ့​ဆေးရုံအုပ်​Byun အပြင်​သွားစရာရှိတယ်​လို့​ပြော​ပေးပါလို့​ပြောထား​တော့ရဲစခန်း​တွေဘာ​တွေ​တော့လူ​ပျောက်​သွားမတိုင်​ထား​လောက်​ထင်​..။

BaekHyun ဒီ​နေ့သူ့ကို​ဆေးရုံမလာမယ့်​အ​ကြောင်းလဲမ​ပြော ..
နေ့လည်​စာလဲအတူမစား..
သူ​ဆေးရုံမှာ​ရောရှိ​နေရဲ့လားလဲမ​မေး..
ဘာမှမ​မေးပဲ ​နေ့တစ်​ပိုင်းလုံး​နေပစ်​လိုက်​သည်​...။

misscalled ​တွေတစ်​သီတစ်​တန်းကြီး ၀င်​​နေပုံ​ထောက်​ရင်​​တော့ Park ChanYeolတစ်​​ယောက်​ ​တော်​​တော်​​လေးကို ​ပူ​လောင်​​နေ​လောက်​ပြီထင်​ပါ့..။

တစ်​ကယ်​လို့မင်းသာ အချိန်​​တွေဆွဲကြိုးရှည်​ရှည်​မလှန်​ထားဘူးဆိုရင်​ ငါလဲဥာဏ်​နီဥာဏ်​နက်​​တွေထုတ်​ဖြစ်​မှာ မဟုတ်​ဘူး ​ကောင်​​လေးရာ...။

Revenge(Completed)Where stories live. Discover now