24...

2.8K 553 80
                                    

Zawgyi

Baek အိမ်​မှာ နှစ်​ရက်​​နေပြီးတဲ့​နောက်​ မကြာခင်​နာရီပိုင်းအတွင်းမှာ
သူ့မိဘ​တွေပြန်​​ရောက်​လာ​တော့မှာမို့ Chan Yeol လဲ အိမ်​ပြန်​လာခဲ့ရသည်​..။

ဒီနှစ်​ရက်​အ​တောအတွင်းမှာ နှစ်​​ယောက်​ရဲ့အ​ခြေအ​နေကအဆုံးစွန်​အထိ တိုးတက်​သွားခဲ့တာမို့်​ ဒီနှစ်​ရက်​လုံးနှစ်​​ယောက်​သားမခွဲနိုင်​မခွာနိုင်​နဲ့​ဆေးရုံ​တောင်​မသွားပဲ အိမ်​တွင်း​အောင်းကာ ရုပ်​ရှင်​တူတူကြည့်​လိုက်​ game ​တွေ​ဆော့လိုက်​ ထမင်း​တွေချက်​စားလိုက်​နဲ့ အိမ်​ပြင်​​တောင်​မထွက်​ခဲ့ကြ...။
အ​တော့်​ကို ​ပျော်​ဖို့​ကောင်းတဲ့အ​ချိန်​​လေး​တွေကို ပိုင်​ဆိုင်​ခွင့်​ရခဲ့သည်​...။

Baek မျက်​နှာ​လေး ကြည့်​​နေရရင်​ကိုဗိုက်​ပြည့်​​နေတဲ့အထိဒီရက်​ပိုင်းထဲမှာ Chan Yeol ​တော်​​တော်​​လေးကို အချစ်​နွံထဲ နစ်​​နေခဲ့သည်​..။

နှစ်​ရက်​တာ အိမ်​တွင်း​အောင်းပြီးတဲ့​နောက်

အိမ်​ပြန်​ဖို့ထွက်​လာခဲ့​တော့ ည​တောင်​​မှောင်​​နေခဲ့ပြီ....။

Chan Yeolကားထွက်​မှ သူအိမ်​ထဲ ၀င်​မယ်​လို့ ​ပြောလာခဲ့သည့်​ဦး​လေးကြီးBaek ​ကြောင့်​ သူအိမ်​ထဲ ၀င်​တာကို ​ကြည့်​ပြီးမှ ပြန်​မယ်​လို့စဉ်းစားထားတာ​တွေကို လက်​​လျှော့လိုက်​ပြီး Chan Yeol ကား​မောင်းထွက်​လာတာကို လက်​ပြုတ်​မတတ်​ တာတာ့ ပြပြီးကျန်​ရစ်​ခဲ့တဲ့ လူကို
ဒီတိုင်းထားရစ်​ခဲ့ရသည်​....။

ဖြစ်​နိုင်​ရင်​ ခဏ​လေး​တောင်​မခွဲ ချင်​​တော့​ပေမယ့်​လဲ လက်​မထပ်​ရ​သေးတာမို့ ChanYeolမှာကိုယ့်​အိမ်​ကိုယ်​ပြန်​လာရ​ပေမယ့်​စိတ်​က​တော့သူ့ဆီမှာ...။
သံလိုက်​က​လေးလို သူ့အနားမှာပဲကပ်​​နေလိုက်​ချင်​​တော့သည်​..။
အရင်​ကလဲ ကဲကဲသဲသဲဆို​ပေမယ့်​အခုပိုကဲကဲသဲသဲဖြစ်​​နေရသည်​...။

အ​ကြောင်းကလဲ ရှိတယ်​မလား..။

ဒီနှစ်​ရက်​အ​တောအတွင်းမှာ ရည်းစား အဖြစ်​ကို​ကျော်​လွန်​ခဲ့ပြီဖြစ်​တဲ့အတွက်​​ကြောင့်​ လူကသူ့​ဘေးနားပဲကပ်​ချင်​​နေသည်​..။

Revenge(Completed)Where stories live. Discover now