Final

4.4K 428 25
                                    

Zawgyi

လူတစ်​ဦးတစ်​​ယောက်​ ​လောကကြီးထဲက စွန့်​ခွာသွားသည့်​ကိစ္စဟာ ကျန်​ရစ်​သူ​တွေအဖို့ အလွန်​ ၀မ်းနည်းဖွယ်​ ​ကောင်းလွန်းလှသည်​..။

အခုလဲ ထိုအတိုင်းပင်​...။

မီးသဂြိုလ်​စက်​ အ​ပေါက်​၀မှာ ​ရောက်​ရှိ​နေသည့်​ ​ခေါင်းတလား တစ်​ခု...
သဂြိုလ်​စက်​ထဲ တဖြည်းဖြည်း ၀င်​သွားတာကိုကြည့်​ရင်း
ကျန်​ရစ်​သူမိသားစု​တွေရဲ့ငိုသံ​တွေဟာ...
ရေခဲတိုက်​ အ​ဆောက်​အဦး​ခေါင်​မိုးပွင့်​ထွက်​သွားမတတ်​ ကျယ်​​လောင်လွန်းလှသည်​....။

သဂြိုလ်​စက်​အခန်းရဲ့အ​ပေါက်​၀မှာ ချိတ်​ဆွဲထားသည့်​အမည်​နာမက
Park Chan Yeol...။

အသက်​၂၄ နှစ်​...။

" သား​လေး....! "

သဂြိုလ်​စက်​ထဲ ​ခေါင်းတလားတစ်​ခုလုံး ၀င်​သွားသည့်​အချိန်​မှာ​တော့ ​သေဆုံးသွားသူရဲ့မိခင်​ဖြစ်​သူ ဆီက​နေ
ဝမ်းပန်းတစ်​နည်း ​ခေါ်သံထွက်​လာပြီး
သည်းသည်းထန်​ထန်​ ငို​ကြွေးသံကို ကြားလိုက်​ရသည်​..။

သူမရင်​နှင့်​အမျှ ချစ်​ရသည့်​သားငယ်​က​လေး...။

ပြီးခဲ့တဲ့နှစ်​ရက်​ကအထိ ပြုံး​ပျော်​​နေခဲ့သည့်​ သားငယ်​က​လေး..။

အိပ်​​ဆေး​တွေ​သောက်​ပြီး​သေ​ကြောင်းကြံတယ်​လို့ ကြားတုန်းကလဲ ​သွေး​တွေ​ပြောင်းပြန်​စီးဆင်း သွားသလိုခံစားရပြီး​ဆေးရုံကိုအ​ပြေးလိုက်​သွားကြည့်​ခဲ့တဲ့အခါ..
အဲ့တုန်းက ​သေခြင်းတရားကိုအံတုနိုင်​ပြီးမျက်​လုံး​လေး​တွေပြန်​ဖွင့်​နိုင်​ခဲ့​တော့
ကိုယ့်​မှာ ​ပျော်​ရွှင်​ခဲ့ရသည်​..။

သို့​ပေမယ့်​​နေ့​တောင်​မကူး​သေး
သူကိုယ်​တိုင်​ကိုယ်​ကျ ​ရေထဲဆင်းပြီး အသက်​​သေဆုံးလိုက်​သည့်​အခါကျ​တော့ ဘယ်​လိုမှ မယုံကြည်​နိုင်​..။

ဘယ်​လို​တောင်​ဆိုးရွားလိုက်​တဲ့အဖြစ်​​တွေလဲ...။

ပြီး​တော့အဲ့အဖြစ်​​တွေက အတိတ်​တုန်းကကိုယ့်​လုပ်​ရပ်​​တွေနဲ့ တိုက်​ရိုက်​သက်​ဆိုင်​​နေ​လေတဲ့အခါ...
ပြောပြလို့မရ​အောင်​မွန်းကြပ်​​နေမိသည်​..။

Revenge(Completed)Where stories live. Discover now