40...

2.4K 429 69
                                    

Zawgyi

(P.S. မျက်​ရည်​ခိုင်​မှ ဖတ်​ကြည့်​ပါ..)

မျက်​စိ​ရှေ့က​နေ ​သွေးရူး​သွေးတန်းနှင့်​​ပြေးထွက်​သွားခဲ့သည့်​ ​ကောင်​က​လေးရဲ့​နောက်​ကို ကိုယ်​လဲ​သွေးရူး​သွေးတန်းနှင့်​ပဲ လိုက်​လာခဲ့မိကာ..
ကံ​ကောင်း​ထောက်​မစွာပင်​ Apartment ထဲက အထွက်
ကားနှစ်​စီးသုံးစီးအ​ကျော်​မှာ သူ့ကားကို​တွေ့လို့​နောက်​က​နေ ထပ်​ချပ်​မကွာ လိုက်​လာခဲ့နိုင်​သည်​...။

မိုး​တွေနည်းနည်းရွာ​နေ​သေးတာမို့..
တစ်​ခုခု ဖြစ်​သွားမှာ ​ကြောက်​သည့်​စိတ်​​တွေကလဲ
တကယ့်​ကိုအရူးတစ်​ပိုင်းပင်​..။

အခုမှပြန်​စဉ်းစားမိတာ ငါလုပ်​ခဲ့တာ မှားပြီလားလို့..။

ဒါ​ပေမယ့်​လဲ   ...
Lee Mi Young ရဲ့သားဖြစ်​​နေမှ​တော့သူလဲဒီ​လောက်​​တော့ခံသင့်​တာ​ပေါ့လို့ ရူးရူးမိုက်​မိုက်​​တွေးမိပြန်​​တော့လဲ ​နေသာ သွားသလို...။

သို့​ပေမယ့်​ မျက်​၀န်းမှာ မျက်​ရည်​တို့​တော့မစဲပါ​လေ..။

တစ်​ကယ်​ပဲ..။

ဒါ​တွေကကျိန်​စာတစ်​ခုဆိုရင်​လဲ တစ်​ကယ်​ပဲ ရပ်​လိုက်​ချင်​ပါပြီ..။

တစ်​ဖက်​မှာ  သူနဲ့သက်​ဆုံးတိုင်​တူတူ​ပျော်​ချင်​တဲ့စိတ်​​တွေပြည့်​နှက်​​နေ​ပေမယ့်​ တစ်​ဖက်​မှာကျ အဲ့လိုလုပ်​ဖို့ကို ခွင့်​မပြုချင်​တဲ့ စိတ်​​တွေ..။
ထိန်းချုပ်​လို့လဲမရနိုင်​..။

ကိုယ့်​ကိုကိုယ်​ဘယ်​လို စိတ်​​မျိုးဖြစ်​​နေမှန်း​တောင်​မခန့်​မှန်းတတ်​​တော့သည့်​အချိန်​မှာ​တော့..
ပြင်​လို့မရ​လောက်​​တော့တဲ့အမှားမျိုးကို လုပ်​မိခဲ့ပြီထင်​သည်​..။

ဒါ​ပေမယ့်​ Mi Jung ​ပြောလိုက်​သလိုဒါ​တွေအကုန်​လုံးက
ငါလိမ်​​နေတာပါလို့အမှန်​အတိုင်း​ပြောခွင့်​​တော့ရှိ​သေးတယ်​မလား..။

ဒါ​ပေမယ့်​..!

ဒီတစ်​ည​လေးပဲဖြစ်​ဖြစ်​...ဒါမှမဟုတ်
ဒီရက်​ပိုင်း​လောက်​​လေးပဲဖြစ်​ဖြစ်​ သူ့ကိုနာကျင်​​စေချင်​သည်​..။

Revenge(Completed)Where stories live. Discover now