2..

5.6K 570 8
                                    

Zawgyi

P.S.> P.1 အလယ်​​လောက်​ကစပြီး​နောက်​​ကြောင်းပြန်​​နေတာပါ​နော်

ည​နေ ​လေးနာရီ​လောက်​မှ LiLi မျက်​နှာ​လေးကိုမြင်​ရမှာ​ပေမယ့်​ Baek Hyun က​တော့​ကျောင်းမှာ tutorial ပြီးတာနဲ့ နှစ်​နာရီ​လောက်​ကတည်းကကိုဒီ​ရောက်​​အောင်​လာခဲ့တာမို့ ​​ရောက်​​နေတာ​တောင်​​တော်​​တော်​ကြာပြီဖြစ်​သည်​..။

ဒီ​နေရာနဲ့​ကျောင်းကနာရီဝက်​​လောက်​သာလာရတာမို့​တော်​​သေးသည်​..။

မဟုတ်​ရင်​ ​လေးနာရီအမှီ​ရောက်​မှ​ရောက်​ပါ့မလားလို့​တွေးပူ​နေရတာနဲ့Baek Hyun ရင်​​မောရဦးမည်​..။

အခု​တော့ရင်​​မောဖို့မ​ပြောနဲ့ ပွဲစဖို့က​တော်​​တော်​​လေးလို​သေးတာမို့ ပွဲ လုပ်​မယ့်​အ​ဆောက်​အဦးနားက အ​အေးဆိုင်​တစ်​ဆိုင်​မှာ ၀င်​ထိုင်​ကာ ​အေး​အေးလူလူ အ​အေးထိုင်​​သောက်​ရင်း ပြီးခဲ့တဲ့နှစ်​ရက်​ကမှအသစ်​ထွက်​ထားသည့်​ LiLi တို့ MV ကိုထိုင်​stream ​နေလိုက်​သည်​..။

အရင်​MV နဲ့မတူ ဒီတ​စ်​​ခေါက်​က သီချင်းလဲပိုမြူးလာသလို effect ​တွေလဲ ​ကောင်း​ကောင်းထည့်​ထားတာမို့ viewer ကရက်​ပိုင်းအတွင်းမှာပင်​​တော်​​တော်​​လေးတက်​​နေသည်​..။

တခြား member ​တွေနဲ့အတူ LiLi သည်​လည်း အလှကြီးလှ​နေသည်​..။
စကတ်​က​လေးတစ်​ခါခါ ဆံပင်​​လေးတစ်​ခါခါနဲ့ ပါး​လေး​တွေမို့တက်​​အောင်​ပြုံးပြီး vocal ကိုပိုင်​ပိုင်​နိုင်​နိုင်​ဆို​နေလိုက်​သည့်​ပုံများ ဘယ်​သူမှမမြင်​​အောင်​ အိတ်​ထဲ ထည့်​သိမ်းထား ချင်​စရာ​ကောင်းလွန်းသည်​..။

Idolမို့လို့ နူးနူးညံ့ညံ့လှလှပပ​လေး​နေရလို့လား​တော့မသိ..
အသက်​အရွယ်​ထက်​ရုပ်​က​လေးကပိုငယ်​​နေသည်​လို့အမြဲတမ်းမှတ်​ချက်​​ပေးခံရသည့်​Baek Hyun ထက်​ပင်​ သူမက ပိုနူးညံ့​နေ​သေးသည်​..။

ကြည့်​​လေ..Baek Hyun က LiLi LiLiလို့အမြတ်​တနိုး​ခေါ်​လေ့ရှိသည့်​ သူမက မသိရင်​Baek Hyun နဲ့အသက်​တူတူ ဒါမှမဟုတ်​ ငယ်​တယ်​လို့ထင်​ရ​ပေမယ့်
တကယ်​​တော့ LiLi က Baek Hyun ထက်​ ​လေးနှစ်​ကြီးသည်​..။

Revenge(Completed)Where stories live. Discover now