41...

2.3K 431 25
                                    

Zawgyi

"တစ်​​ယောက်​​ယောက်​ရှိလား..!!
hello..!!
လူရှိလားဗျ..!"

မျက်​လုံးပိတ်​​လိုက်​ရင်​လဲ ပိန်းပိတ်​​အောင်​​မှောင်​​နေသလို..
ဖွင့်​ထားပြန်​​တော့လဲ ထိုနည်းအတိုင်း..။

ဘေးပတ်​၀န်းကျင်​​ရော..
အ​ရှေ့​ရော..အ​နောက်​​ရော..ဘာဆိုဘာမှ မမြင်​ရပဲ
အားလုံးက​မှောင်​အတိကျ​နေ​လေသည်​..။

အသံပြုလိုက်​​တော့လဲ ပြန်​​ဖြေသူ ကင်းမဲ့လို့..။
ကိုယ့်​အသံ​တွေသာပဲ့တင်​ထပ်​​နေသည်​..။

တစ်​ကယ်​ပဲ..ဒီ​နေရာက ဘာကြီးလဲမသိ...။

ကိုယ်​နဲ့သိတဲ့လူလဲ ​တစ်​​ယောက်​မှမရှိ..။

အဲ့တာအပြင်​ ​ခေါင်းတစ်​ခုလုံးလဲ မူး​ဝေကိုက်​ခဲ​နေသည်​..။

အဲ့လိုဆိုမှ ဘယ်​လိုက​နေဘယ်​လိုဖြစ်​လို့ဒါမျိုးအ​ခြေအ​နေကြီးကို​ရောက်​​နေသလဲ စဉ်းစားဖို့လိုပြီဖြစ်​​ကြောင်း
ChanYeol သိလိုက်​သည်​..။

အဲ့တာ​ကြောင့်​မို့​ခေါင်းကိုက်​ကိုက်​ ဘာကိုက်​ကိုက်​ အ​ခြေအ​နေကို​တော့သိဖို့လိုတာ​ကြောင့်​..
ဦး​နှောက်​ကိုအလျင်​အမြန်​ပဲ အလုပ်​​ပေးလိုက်​​တော့ပထမဆုံးစက္ကန့်​​တွေမှာဘာဆိုဘာမှ စဉ်းစားလို့မရ..။

မြင်​​နေရတာ​တွေတင်​​မှောင်​ရုံမကပဲ အ​တွေး​တွေပါ အ​မှောင်​ဖုံးသွားသလား..။
တစ်​ကယ်​ဘာမှမမှတ်​မိ..။

အဲ့တာ​ကြောင့်​မို့ကိုယ့်​ရဲ့ဖြစ်​တည်​မှုက​နေတစ်​ဆင့်​ဖြည်းဖြည်းချင်းပဲစဉ်းစားဖို့ဆုံးဖြတ်​လိုက်​တဲ့အခါ..
ဝင်​​ပေါက်​ရှိလား.ထွက်​​ပေါက်​​ရောရှိ​နေလားမသိရတဲ့
အ​မှောင်​ထုကြီးထဲမှာဒီတိုင်း မတ်​တပ်​ရပ်​လျက်​သား..။

နာမည်​က..Park ChanYeol..။
အသက်​က ၂၃ နှစ်​​ကျော်​..။

ဟုတ်​ပြီ..ဒီထိက အဆင်​​ပြေ​ပြေမှတ်​မိ​နေ​သေးတယ်​ဆို​တော့ကာ နည်းနည်းစိတ်​​အေးသွားရသည်​..။

တော်​​သေးတယ်​​လေ..ဘယ်​​နေရာကို​​ရောက်​​နေမှန်းမသိရုံမက. .ကိုယ်​ဘယ်​သူလဲ ဆိုတာ ပါမသိရရင်​​တော့ရူးရလိမ့်​မယ်​ မလား..။

Revenge(Completed)Där berättelser lever. Upptäck nu