31..

2.4K 430 13
                                    

Zawgyi

ည ၉ နာရီခွဲ...။

မ​ရောက်​ဖြစ်​တာ ဆယ်​နှစ်​ရှိပြီမို့ ဘာ​တွေ​ပြောင်းလဲ သွားပြီမှန်း​သေချာမသိ​သေးသည့်​ အပြင်​​လောကကြီးကို
BaekHyun ​ဆေးရုံအခန်းပြတင်း​ပေါက်​က​နေတစ်​ဆင့်​ကြည့်​​နေမိသည်​..။

မျက်​စိ​ရှေ့တစ်​ကမ်းမြင်​ရ​သ​လောက်​​ရော..
ဒီ​နေ့တစ်​​နေ့လုံးsocial media ​ပေါ်တက်​ကြည့်​မိသ​လောက်​​ရော..
မိုး​မျှော်​တိုက်​​တွေများပြားလာတာ​ရယ်​..
စီးပွား​ရေး​တွေအများကြီးတိုးတက်​​ကောင်းမွန်​လာတဲ့​တောင်​ကိုရီးယားနိုင်​ငံကြီးကအရင်​က​ထက်​​ခေတ်​မီလာတာကို​တွေ့ရသည်​...။

မ​နေ့က
မှပြန်​သတိရလာတာဆို​တော့အပြင်​​လောကကြီးကိုစူးစမ်းဖို့က သက်​ဆိုင်​ရာဆရာဝန်​​တွေကခွင့်​မပြုကြ​သေး​တော့ကာ ​ဆေးရုံထဲကသာ အပြင်​ကို​မျှော်​ကြည့်​​နေရသည်​...။

ညဘက်​​ရောက်​ပြီဆို​ပေမယ့်​လို့ ​ဆေးရုံ​အောက်​လမ်းမ​ပေါ်မှာ လူ​တွေ အလျှိုအလျှို လှုပ်​ရှားသွားလာ​နေကြ​သေးသည်​...။

ကား​တွေလဲတစ်​၀ီဝီနဲ့...
တော်​​တော်​​လေးကိုစည်​ကား​နေ​သေးသည်​..။

"ဆရာ့ဆီမှာ​မေးလိုက်​တာ
ဦး​လေးကြီးကြိုက်​တတ်​တယ်​ ဆိုလို့ဝယ်​လာ​ပေးတာတဲ့.."

"ChanYeolကလား...?"

"​အေး..​စော​စောက​လေးတင်​လာ​ပေးသွားတာ..
အိမ်​မပြန်​ခင်​​လေး ၀င်​​ပေးတာတဲ့.."

သူငယ်​ချင်းက BaekHyun ကို ခဏ​လောက်​အ​ဖော်​လုပ်​​ပေးပြီးမှ အိမ်​ပြန်​မယ်​ဆိုပြီး အခန်းထဲ ခဏ၀င်​လာတာ​ကြောင့်​ ကုတင်​​ပေါ်ပြန်​ထိုင်​ကာ စကား​ပြောဖို့ပြင်​လိုက်​သည်​...။

ကုတင်​​ဘေးကစားပွဲခုံ​ပေါ်မှာ​တော့ BaekHyun ​အရင်​တုန်းက​သောက်​​လေ့ရှိသည့်​အ​အေးတစ်​ဘူး​ရောက်​ရှိလို့​နေသည်​..။

မနက်​​စော​စောကတည်းက ​နေ့လည်​၂ နာရီအထိBaekHyun နားမှာ တစ်​၀ဲလည်​လည်​ လုပ်​​နေခဲ့သည့်​​ကောင်​​လေးက
အခုအိမ်​ပြန်​​ချိန်​​ရောက်​​တော့လဲ ​မပြန်​ခင်​​လေး အ​အေးတစ်​ဘူးနဲ့အတူ
အလည်​လာသွား​သေး​သည့်​အ​ကြောင်းသူငယ်​ချင်းကို ​ပြောပြလိုက်​သည်​...။

Revenge(Completed)Where stories live. Discover now