Zawgyi
ည ဆယ်နာရီ ကျော်ကျော်...။
၂၄နာရီဖွင့်သော ဆေးဆိုင်တစ်ဆိုင်ရဲ့တံခါးကိုChanYeol တွန်းဖွင့်ဝင်သွားလိုက်သည်..။
အပြင်လောကမှာတော့ မိုးတိတ်သွားခဲ့ပြီဖြစ်သည်..။
ChanYeol မျက်နှာကတော့ငိုထားရလွန်းလို့ ရဲတွတ်နေပြီး...
ထပ်ငိုချင်တာကို မျက်ရည်မကျအောင်ထိန်းထားရတာမို့
နည်းနည်းတော့ဟန်ပျက်နေလိမ့်မည်..။"×××× အဲ့ဆေးတစ်ပုလင်းလောက်ပေးပါ.."
"အာ..အဲ့တာက ဆရာဝန်ခွင့်ပြုချက်ပါမှ ရောင်းတဲ့ဆေးပါ...ခွင့်ပြုချက်ပါလားမသိဘူး.."
"ဟုတ်..ကျွန်တော်ကိုယ်တိုင်က ဆရာဝန်ပါ...
ဒီမှာ ကတ်ပါနော်...
ကျွန်တော့်လူနာအတွက် လာဝယ်တာပါ...""အာ..အဲ့တာဆို ရပါတယ်...
တစ်ဘူးနော်...""ဟုတ်.."
သိပ်ချစ်ရတဲ့လူက ကိုယ့်ကိုမချစ်နိုင်တော့ပါဘူးလို့ပြောလာခဲ့မှတော့ ဟိုဟိုဒီဒီအမျိုးမျိုးစဉ်းစားပြီးမှ ထွက်လာခဲ့သည့်အကောင်းဆုံးအစီအစဉ်ကတော့ဒီလောကကြီးကနေ
ထွက်သွားဖို့ရန်သာ..။အဲ့တာကြောင့်မို့ တွန့်ဆိုင်းခြင်းမရှိ..
အံကိုတင်းတင်းကြိတ်၍ ရောက်ရာအရပ်မှာဆေးဆိုင်တစ်ဆိုင်ကို မြန်မြန်ရှာကာ...
ဆေးရုံမှာ အိပ်မပျော်သည့်လူနာတွေအတွက်ညွှန်းလေ့ရှိပါသော..
ဆရာဝန်ခွင့်ပြုချက်ပါမှ ရောင်းကြသည့်အိပ်ဆေးပုလင်းငယ်ကို..
ဆေးရုံက အသိအမှတ်ပြုကတ်ကိုပြပြီး ၀ယ်ယူခဲ့သည်..။အစီအစဉ်ကတော့ ပုလင်းထဲက ဆေးပြားလေးတွေကို
ဆယ်ပြားလောက်အထိ သောက်ဖို့အစီအစဉ်ပင်...။အင်း..ဆယ်ပြားကနည်းနေမလားပဲ...။
ဆယ့်သုံးဆယ့်လေးပြားလောက်တော့သောက်ရမည်ထင်သည်..။
တစ်ခါမှ ကိုယ့်ကိုကိုယ် သတ်သေဖို့စိတ်ကူးမရှိခဲ့ပေမယ့်လဲ
အခုက တကယ်မနေချင်တော့...။
BINABASA MO ANG
Revenge(Completed)
FanfictionHis mother was my crush in the past, but her son gave his heart to me,how luckily I am!!