62.2K 2.5K 22
                                    

Unicode

၂၅၆ဘီစီ ကျိုးမင်းဆက်
ကျိုးနိုင်ငံ၌

"အသေး အကြီး
အသေး အကြီး"

ဒီနေရာကတော့ကျိုးနိုင်ငံကလောင်းကစားရုံတစ်ခု.....အပွင့်ကြီးကျမလား.....အသေးကျမလားကိုအာရုံစိုက်နေတာကြောင့်.....နောက်ကကောင်လေးတစ်ယောက်ကိုတော့.....ဘယ်သူမှသတိမထားမိခဲ့ကြ

ခုံပေါ်ကလည်နေတဲ့အံစာတုံးလေးရပ်သွားသည်နှင့်..... လူတွေဆီမှ မကျေနပ်သံများထွက်လာကြသည်

"ဟာ အသေးတဲ့လားကွရှုံးပြန်ပြီ"

တချို့ကတော့ပါလာတဲ့ပိုက်ဆံကုန်သွား၍ထွက်သွားကြသလို.....နောက်ပွဲတွေကိုဆက်ကြည့်‌နေတဲ့လူတွေလည်းရှိသည် ....တချို့ကတော့ထပ်လောင်းရန်ပြင်စဉ်.....

"ငါ့ပိုက်ဆံရော ဘယ်ရောက်သွားတာလဲ"

လူတစ်ယောက်အော်ပြောလိုက်မှအကုန်သတိထားမိသွားကြသည်။
သူတို့ပိုက်ဆံအိတ်တွေမရှိတော့.....

_________________________________

"ရီပေါ် မင်းဒီနေ့ဘယ်လောက်ရခဲ့သလဲ"

ရီပေါ် သူရလာတဲ့
ပိုက်ဆံထုပ်တွေကိုမြှောက်ပြလိုက်သည်။

"၈အိတ်တောင်
တော်လိုက်တာ"

"ဒါပေါ့ ငါကဘယ်သူလဲ
ဝမ်ရိပေါ်လေ ဒီလောက်ကတော့အေးဆေးပါ
အယ်...ဟိုဘက်မှာလူတွေစုနေပါလား
ဘာပွဲရှိလို့လဲ ယွီပင်း"

"ပွဲတော့မဟုတ်ဘူးကွ
မင်းသားသုံးရဲ့ကြင်ယာတော်
ဒီနေ့ငါတို့ကျိုးကိုရောက်မှာမို့
ကြိုဆိုနေကြတာ
အဲ....ပြောတာကြားတာတော့
ကြင်ယာတော်ကတအားလှတာတဲ့နော်"

"လာ ယွီပင်းသွားကြည့်ရအောင်"

ရီပေါ်လှမ်းကြည့်တော့....ဝေါယာဉ်တစ်စီးကို
ရဲမက်တွေခြံရံပြီးလာနေတာကိုတွေ့ရသည်။
လှည်းကအလုံပိတ်ဖြစ်တဲ့အတွက်ကြင်ယာတော်ကိုတော့မမြင်ရ.....

"ဝေ့ ကြင်ယာတော်က
ဘယ်နိုင်ငံကမင်းသမီးလဲ"

ရီပေါ်ဘေးကလူတစ်ယောက်ကို
မေးလိုက်သည်။

"အိုး မင်းမသိသေးဘူးနဲ့တူတယ်
ကြင်ယာတော်ကမင်းသမီးမဟုတ်ဘူးကွ
ကျန်းနိုင်ငံကမင်းသားကွ"

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now