၄၅

13.9K 1.6K 54
                                    




Unicode






တိတ်ဆိတ်ငြိမ်သက်နေတဲ့ နန်းဆောင်တစ်ခုအတွင်းသို့ အစောင့်တပ်သားတစ်ယောက်ဟာကပြာကယာဖြင့်ဝင်ရောက်လာသည်။နန်းဆောင်ထဲတွင်တော့ ချောမောခန့်ညားတဲ့ လူငယ်တစ်ဦးကချွန်မြနေတဲ့ဓားသွားကို ပိုးပုဝါတစ်ခုနှင့်သုတ်လို့နေသည်။အစောင့်တပ်သားက ထိုလူကိုတွေ့တာနှင့် ဒူးထောက်ဦးညွှတ်၍ အရိုအသေပေးလိုက်သည်။

"သခင်....."

အစောင့်တပ်သားရဲ့ဦးညွှတ်ဂါရဝပြုမှုကို ထိုလူကဘာမှမတုန့်ပြန်ဘဲ ပြောင်လက်နေသောဓားကိုသာသူ့လက်ထဲရှိပိုးပုဝါစနှင့် သုတ်လို့နေသည်။ထိုလူ့ဆီမှဘာတုန့်ပြန်မှုမှ မရတာကြောင့် အစောင့်တပ်သားလေးဟာလည်း စကားမစရဲပေ။သူ့ရဲ့ဂါရဝပြုတဲ့ပုံစံအတိုင်းသာ သူ့သခင်ရဲ့တုန့်ပြန်စကားကိုစောင့်လို့နေသည်။

နှစ်ဦးစလုံးဘယ်သူကမှ စ၍စကားမပြောတာကြောင့် အခန်းဟာဓားကိုပွတ်တိုက်နေတဲ့အသံမှလွဲ၍ တခြားအသံများကတော့တိတ်ဆိတ်လို့နေသည်။ခနအကြာမှ ဓားကိုသုတ်နေတဲ့လူငယ်ထံမှ စကားသံထွက်ပေါ်လာသည်။

"ဘာပြောစရာရှိလို့လဲ....ရန်တပ်တွေမြို့ထဲဝင်လာလို့လား....."

ထိုလူငယ်မေးတော့မှသာ အစောင့်တပ်သားလေးက ပြန်ဖြေရဲသည်။

"မဟုတ်ပါဘူး....သခင်။ရန်တပ်တွေက မြို့ပြင်မှာပဲရှိနေပါသေးတယ်....သခင်....။အခုက...."

အစောင့်တပ်သားလေးရဲ့ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့ပုံစံကြောင့် ထိုလူငယ်ကဆက်ပြောဖို့အချက်ပြလိုက်သည်။သူ့သခင်ကဆက်ပြောဖို့အချက်ပြသောကြောင့် အစောင့်တပ်သားလေးက ဆက်ပြောလိုက်သည်။

"အဲ့ဒါက....လူတစ်ယောက်က သခင့်ကိုထွက်လာဖို့ပြောနေပါတယ်..."

အစောင့်တပ်သားလေးရဲ့စကားကို ထိုလူကစိတ်ဝင်စားဟန်မပြပေ။လက်ထဲရှိဓားကိုသာ ဆက်လို့သုတ်နေသည်။

"သူကပြောသေးတယ်....။သခင်က...သတ္တိနည်းတဲ့လူတဲ့။နန်းတော်ထဲမှာပုန်းနေပြီး....အပြင်ကိုထွက်တိုက်ဖို့သတ္တိမရှိတဲ့လူတဲ့...."

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now