13.3K 1.5K 19
                                    

Unicode

"ယွီအာ....ဘယ်လိုလဲ...ငါလှရဲ့လား"

"သခင်မလေးကတစ်လောကလုံးမှာအလှဆုံးပါ"

သူမအစေခံရဲ့အပြောကြောင့်သူမမျက်နှာမှာအပြုံးလေးဖြစ်ပေါ်လာသည်။သူမရဲ့ခြေလှမ်းတွေကိုသွက်သွက်လေးလှမ်းလိုက်သည်။သူမရဲ့အကိုကျီရွှမ်းကိုတွေ့ချင်နေပြီလေ။အကိုကျီရွှမ်းကသူမကိုတွေ့ရင်ပျော်သွားလောက်မလား။အကိုကျီရွှမ်းရဲ့ကြင်ယာတော်အကြောင်းစဉ်းစားမိတော့သူမရဲ့မျက်နှာကအပြုံးကပြန်လည်ပျောက်ကွယ်သွားသည်။ဘယ်လိုမိန်းမကများသူမရဲ့နေရာကိုယူရဲတာပါလိမ့်။ပထမတစ်ခါကျိုးဝန်ကြီးချုပ်ရဲ့သမီးနဲ့လက်ထပ်ပေးတုန်းကအကိုကျီရွှမ်းကိုယ်တိုင်ကငြင်းလိုက်တဲ့အတွက်သူမဘာမှလုပ်စရာမလိုခဲ့။ဒီတစ်ခါတော့သူမဝင်ပါရတော့မည်။ဒီလက်ထပ်ပွဲကိုရအောင်ဖျက်မည်။
အကိုကျီရွှမ်းရဲ့အဆောင်ရှေ့ရောက်တာနဲ့သူမရဲ့မျက်နှာကိုအချိုမြိန်ဆုံးပြုံးထားလိုက်သည်။သူမရဲ့ချစ်ဦးသူကိုတွေ့ရတော့မှာမို့ သူမရဲ့နှလုံးသားလေးကလည်းတဒိတ်ဒိတ်နှင့်....

"အကိုကျီရွှမ်းကိုလျှောက်တင်လိုက်ပါ....ငါလာတယ်လို့"

သူမပြောသလိုမလုပ်ဘဲတုန့်ဆိုင်းတုန့်ဆိုင်းဖြစ်နေတဲ့အစေခံကြောင့် သူမရဲ့ချိုမြိန်နေတဲ့မျက်နှာမှာအလိုမကျမှုကအထင်းသား

"ငါပြောနေတယ်လေ....အကိုကျီရွှမ်းကိုလျှောက်တင်လိုက်လို့"

"ဟို...သခင်မလေး....ကျီရွှမ်းမင်းသားမရှိပါဘူး"

အစေခံရဲ့စကားကြောင့်သူမရဲ့မျက်ခုံးနှစ်ခုဟာတွန့်ချိုးသွားတော့သည်။မနက်အစောကြီးအကိုကျီရွှမ်းကသူ့နန်းဆောင်မှာမရှိဘူးဆိုတော့ဘယ်ရောက်နေပါလိမ့်။

"မရှိဘူးဆိုတော့....ဘယ်သွားနေတာလဲ။လေ့ကျင့်ရေးကွင်းကိုလား"

"အဲ့ဒါက....ဟို..."

အစေခံလေးရဲ့တွန့်ဆုတ်တွန့်ဆုတ်လုပ်မှုကိုသူမစိတ်မရှည်တော့

"ဘာဟိုလဲ....ငါ့ကိုရှင်းရှင်းလင်းလင်းပြောစမ်း"

"ကျီရွှမ်းမင်းသားက ညကအဆောင်မှာမအိပ်ပါဘူး...ကြင်ယာတော်အဆောင်မှာအိပ်တာပါ...သခင်မလေး"

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now